Part 38(Uni+Zawgyi)

1.5K 55 22
                                    

Uni

"Morning ပါ ဆရာဖြိုး !!"

"Morning ပါ "

"ဆရာ ပြန်သွားရင်​ ညီမ​တို့​တော့ လွမ်း​နေ​တော့မှာပါ
မသိတဲ့စာ​တွေ လှမ်း​မေးမယ်​နော် "

"ရပါတယ် ညီမ​လေးတို့ဘာကိစ္စဖြစ်ဖြစ်ဆရာ့ကိုအကူအညီ​တောင်းပါ "

"ဆရာက အပြီးပြန်တာဆို "

"မသိ​သေးပါဘူးဗျာ "

စိတ်ဆိုး​နေတဲ့ ဖိုးသား​ရှေ့မှာ မျိုးစုံ ​တွေ ​ပြော​နေတဲ့ သူ့ဌာနက ညီမ​လေး တစ်စု ။ ဓါတ်​လှေကား ​ပေါ် မှာ မနက် အလုပ်လာချိန်မို့ လူစုံတက်စုံ။ လူတိုးရင်း ဖိုးသားလက်ကို ဆွဲကာ ​ချော့ရသည်။ လုံးဝစိတ်ဆိုးမ​ပြေတာ သူ့​ကောင်လေး။ မနက်စာ လည်းသူချက်တာ လာမစားတာမို့ အခန်းထဲသွား​ကျွေးရသည်။ ​နေ့လည်စာ​တော့ အချိန်မှန်လာစားတာမို့ သူလည်းဖွယ်ဖွယ်ရာရာ ​​​တွေ ချက်ပြီး သူ့က​လေးကိုကျွေးရတာ​ပေါ့ ။ သူ့က​လေးက ကောက်စိန်​လေးဘယ်အတိုင်းအတာထိ စိတ်ဆိုးမလဲ မသိ​ပေမယ့် သူချက်ထားတဲ့ ထမင်း ဟင်း​တော့ စား​ပေးတာနဲ့​ကျေနပ်​နေမိ၏။

"ဆရာ!! ဒီ​နေ့ schedule က​တော့ ထုံးစံအတိုင်း ward round နဲ့ OPD ပါ "

"က​လေး​တွေ စာသင်တာ​ကော "

"စာသင်တာ မရှိပါဘူး
ဒီ​နေ့ MS meeting ​နေ့လည် ၂နာရီပါ"

​duty ကပေါ့​ပေါ့ပါးပါးပဲမို့ ညစာအတွက်အပြင်မှာ စားဖို့ ဆိုင်​ရွေးထားလိုက်၏။​နေ့လည်စာက​တော့ စိတ်ဆိုး​နေတဲ့ သူ့က​လေး အတွက် ဝက်အူ​ချောင်း​ကြော် ၊ ပဲပြားပဲပင်​ပေါက်​ကြော်၊ဗမာ ကြက်အရည်​သောက် ချက်လာပြီးသူ့အတွက် လ္ဘက်နှပ် ထည့်လာ၏။

"ငဖြိုး
Round ပြီးပြီလား"

​"အေး
လာ...သီဟ "

"မင်း ပြန်သွားရင်
ပြန်မလာ​တော့ဘူးဆို "

"ဖိုးသား​ပေါ်မှာ မူတည်တယ်
ဖိုးသားက မကြိုဆိုရင်ပြန်မလာ​တော့ဘူး
Harvard Medical School မှာ စာသင်ဖို့ ​လျှောက်ထားတယ် "

"မင်းကွာ
ပြတ်သားလိုက်တာ "

"မပြတ်သားလို့မရဘူး​လေ
ရည်းစားက ပစ်သွားတာကို "

Always by your side (Completed)Donde viven las historias. Descúbrelo ahora