Uni
ဒီနေ့ သူရတို့ ကျောင်းစဖွင့်တဲ့နေ့ပေါ့ ။ မနက်အစော ထပြီးတက်ကြွနေတာ သူရပါ ။ မနက်စာ ကို ဟိုဘက်လမ်းကသွားကာမုန့်တီသုပ် တစ်ယောက်တစ်ပွဲနဲ့ လ္ဘက်ရည်ပါ ဝယ်ပြီး စားသောက်ထားတာပါ ။ ကိုမောင့် အကြိုက် မတ်ပဲကြော်လည်းပါပါ၏။ သူက အားလုံး ပြင်ဆင်ပြီးပေမယ့် အခုအထိမပြီးသေးတာတော့ကိုမောင်ပါ ။
"ကိုမောင်!!!
သွားမယ်လေ ""သွားနှင်လေ ကိုမောင်က စက်ဘီးနဲ့ သွားမှာ "
"ဗျာ"
သူရဒေါသ ထွက်သွားတော့၏။ သူ့အိမ် မက်ထဲမှာတောင် ကိုမောင်နဲ့နှစ်ယောက်သား ဆိုင်ကယ်လေးစီးကာ ကျောင်း တက် နေတာကိုပါ ။ သူ့စိတ်ကူးကိုရိုက်ချိုးလိုက်တာကတော့ ကိုမောင်ပါ။ ဘာမှန်းမသိအောင် ဒေါသ အကြီးအ ကျယ် ထွက်ရပါ၏။ ပြောလိုက်ရင်လည်း ငါက စက်ဘီးနဲ့ပဲသွားချင်တယ် ဆိုတဲ့တစိမ်းဆန်တဲ့စကားကြားရအုန်းမှာပါ ။
"ဒါဆိုလည်းပြီးရော
နှစ်ယောက်ထဲရှိတာကို ခွဲခြားခွဲခြား နဲ့
ကိုမောင်!!! ခင်များ ကျနော့ပေါ်အမြဲတမ်းတစိမ်းဆန်တယ်""သူရ ဘာပြောတာလည်း "
"ဘာမှမပြောဘူး "
သူရဒေါသထွက်လွန်းလို့ပါးစပ်ကတတွက်တွက်ပြောကာ ကျောင်းသို့ချီတက်သွား၏။တခါတလေ ကိုမောင့်သဘောထားကို နားမလည်နိုင်ပါ ။ ဘာတွေ စဥ်းစားပြီး ဘာတွေ လုပ်နေမှန်းမသိတဲ့ကိုမောင်ကတော့ သူ့စိတ်နဲ့မတွေ့ပါ ။
"ဟေ့ သူရ !!!"(မြတ်ကျော်)
"မင်းပျောက်နေတယ်နော် "(အောင်အောင်)"ကိုဖြိုးက ဘယ်မှမသွားရဘူးတဲ့လား "(စိုင်း)
"စာတွေ သင်နေတာပေါ့
အေးဆေးပေါ့ကွာ တနှစ်ခွဲကြီးတောင်အမှန်းတက်ရမှာ "(မြတ်ကျော်)မြတ်ကျော်ပြောသလိုပါပဲ။ဆေးကျောင်းမှာ 2nd MB နဲ့ part 2 က တစ်နှစ်ခွဲတက်ရတာပါ ။ သူကော ၊ကိုယ်ကော ဒီနှစ် တစ်နှစ်ခွဲတက်ပြီးမှ အတန်းအောင်မှာပါ။ကိုမောင်တို့က part 2 ဆိုတော့ဆေးရုံမှာအများဆုံးသင်မှာဖြစ်ပြီး ကျောင်း ကိုတပတ်မှ ၁ရက်၂ရက်သာ လာရမှာပါ ။
BINABASA MO ANG
Always by your side (Completed)
Romanceတစ်ဘဝလုံးအတွက် မဟုတ်ဘဲနဲ့ ချစ်တယ်ဆိုတာကို ဘာလို့ပြောခဲ့တာလဲ # သူရလင်းထင် ငါ့ဘဝမှာ အချစ်ထက် ပညာက ပိုအရေးကြီးတယ် ပညာရှာချိန်မှာ အချစ်ကို မရှာ ချင်ဘူး #ပြည့်ဖြိုးမောင်