Part 7 (Uni+Zawgyi)

2K 84 16
                                    

Uni

"သူရ !!!
ငါဘာလို​နေလဲ "

"အရမ်းမိုက်
သွားမယ် ကို​မောင်ရာ "

ဒီ​နေ့ တီကြီးမန်း​လေး​ရောက်​နေတာမို့ သူတို့နှစ်​ယောက်နဲ့ ညစာစားဖို့ချိန်းထားတာပါ။တီကြီးက မန်း​လေး မှာ ဘွဲ့လွန် စာ​မေးပွဲလာစစ်တာပါ။မြန်မာနိုင်ငံဆရာ ဝန်များအသင်း (MMA) မှာတည်းတာမို့ဒီ​နေ့တွေ့ဖို့ တီကြီးက ဖုန်းဆက်ထား ၏။ တီကြီးနဲ့​ပေး​တွေ့မယ်ဆိုထဲက မှန်​ရှေ့က မထဘဲပြင်​နေတာကကို​မောင်ပါ။ ခုတင်​ ပေါ်မှာလည်း အဝတ်အစား​တွေ ​တောင်လိုပုံ​နေပါပြီ။ ​​နောက်ဆုံး​တော့ စတစ်လက်ရှည် အသား​ရောင်​လေးနဲ့ ​​ယော ပုဆိုးအနက်​လေး ဝတ်ကာ အဆုံး သတ်လိုက်၏။ ဘာဝတ်ဝတ် အရမ်း စမတ်ကျပြီး လှ​နေတဲ့ ကို​မောင်ကို သူရ စိတ်ရှည်လက် ရှည် ထိုင်ကြည့်​နေလိုက်၏။

"သွားမယ် ​မောင်သူရ "

"ဟူးး ​တော်​​သေးတာ​ပေါ့
ပြင်လို့မှ ပြီးပါမလားလို့"

"ဟွန်း စိတ်မရှည်တာလား "

"မဟုတ်ပါဘူးဗျာ
ကို​မောင့်အစားပင်ပန်းလို့ပါ "

ပြည့်ဖြိုး​မောင်က သူရ ဆိုင်ကယ်​နောက်က ထိုင်ကာ သူ့တီကြီးကို ​လေးစားတာ​ကြောင့်အခုလို ပြင်​နေရတာဖြစ်​ကြောင်း ​ပြောပြ​နေ၏။ ပြီး​တော့ သူက ဒီလို အရမ်း​တော်တဲ့ တီချယ်ကြီးကို သွား​တွေ့ရမှာမို့ ဂုဏ်သ​ရေရှိဖို့လိုတယ်​လေ ။

"လာ ကို​မောင် တီကြီး​ပြောတာ ဒီထမင်းဆိုင်ပဲ "

"အမ် !!!"

ထမင်းဆိုင်က မြန်မာ ထမင်းဆိုင်ဖြစ်ပြီး ​တော်​တော် သားသားနားနား ရှိသည်။ ဆိုင်ကယ်​တွေ​တောင် သိပ်မ​တွေ့ရတာက​တော့ အထက်တန်း စား ပိုက်ဆံချမ်းသာတဲ့ လူ​တွေပဲ လာစားနိုင်ကြလို့ဖြစ်မည်။ ပြည်ဖြိုး​မောင်လည်းသူရခေါ်ရာနောက် လိုက်လာခဲ့ လိုက်သည်။

"တီကြီး !!"

"လာဖိုးသား
လာ သား ထိုင် ​လေ
​အေး​ဆေး​ပေါ့ "

အသက်၄၅ နှစ်အရွယ်ဂုဏ်သ​ရေရှိ​ချော​မောလှပတဲ့ တီချယ်ကြီးကို အပြင်မှာ ​တွေ့လိုက်ရတာမို့ ပြည့်ဖြိုး​မောင် ​ငေးကြည့်​နေမိသည်။ မြန်မာ ဝတ်စုံကို လှပစွာ ဝတ်ဆင်ထားတာမို့ သူ့​မေ​မေ သာ ဖြစ်​စေချင်မိ​လောက်​အောင်​လောဘ တတ်မိပါသည်။သူ့​မေ​မေက​တော့ ​ခေတ်အရမ်းဆန်တာမို့ပါ ။

Always by your side (Completed)Where stories live. Discover now