Uni
"ကိုမောင့်!!!လွမ်းနေတာ"
"ပိုပြီ
လာလေ ညစာ စားဖို့ စောင့်နေတာ
ဘာလို့နောက်ကျနေတာလဲ ""OT ရှိလို့ "
သူရ လည်း ရန်ကုန်က ပြန်လာထဲက ကိုမောင် ဆီမှာ ထမင်းစားတာပါ ။ ဆေးရုံမှာလည်း အမြဲတွေ့နေရပေမယ့် ကိုမောင့်ကို မတွေ့ရတဲ့အချိန် psycho တောင် ဝင်နေတာက ပြန်ပျောက်သွားမှာ စိုးတာပါ ။ အခုလည်း အလုပ်ကအမြန်ပြန် လာပြီး ရေချိုးကာ ဘောင်းဘီရှည် အကွက်နဲ့ sport T shirt ဝတ်ကာ ကိုမောင့်အခန်းဘက်ပြေးလာရ၏။ကိုမောင့်မျက်နှာမြင်ရမှ စိတ်ချမ်း သာ သွားတော့၏။
"ကောင်းလား "
"ကောင်း လက်ယာ တွေတက်လာပြီ "
"ဟီးဟီး "
ပြည့်ဖြိုးမောင်ရဲ့အားနည်းချက်က ဟင်းမချက်တတ်တာပါ။သူချက်တဲ့မကောင်းမကန်းလေးကို စားပေးတဲ့ သူကောင်လေးကို သဘောတကျ ကြည့်လိုက်၏။ ဒီနေ့ညစာကတော့ ကြက်သားသုပ်နဲ့ ကုလားပဲနှပ်၊ငံပြာရည်ကြော် ၊အတို့စုံပါ ။ မကောင်း တဲ့လက်ယာလေးကို အကြီး အကျယ်စားနေတဲ့သူ့ကောင်လေးကိုငေး ကြည့်လိုက်၏။
"ဘာကြည့်တာလဲ "
"ချစ်လို့ "
"ဗျာ !!!"
"မဗျာ နဲ့ ကိုမောင် ပိုက်ဆံစုနေတာ "
"ဘာလုပ်ဖို့လဲ "
"ဖိုးသားကို တောင်းမလို့
ဒယ်ဒီနဲ့တီကြီးဆီမှာ ""ပြွတ်စ်!!!
တော်ရုံပဲ ချစ်ဖို့ကောင်း "သူရလည်းထမင်းစားနေရင်း ကိုမောင် ပါးကြီးကိုနမ်းပစ်လိုက်၏။သူ့ကိုတောင်တင်တောင်းဖို့ ပိုက်ဆံစုနေတဲ့သူက တစ်နေ့တစ်နေ့OPD လူနာ ၁၀၀ကျော်လောက်ရှိ၏။တစ်ဆေးရုံလုံးကိုမောင် ဝင်ငွေအကောင်းဆုံးပါ ။ အသုံးအဆွဲလည်း လုံးဝမရှိတဲ့အပြင်အပြင်စာမစားတာမို့တော်ရုံ လည်း ဆိုင်မထိုင်ဖြစ်တဲ့သူပါ ။
"ပြန်တော့မှာလား "
"ဟုတ်....ကိုမောင်ပဲလေ
ကျနော်က အတူတူ အိပ်ချင်တာ "
KAMU SEDANG MEMBACA
Always by your side (Completed)
Romansaတစ်ဘဝလုံးအတွက် မဟုတ်ဘဲနဲ့ ချစ်တယ်ဆိုတာကို ဘာလို့ပြောခဲ့တာလဲ # သူရလင်းထင် ငါ့ဘဝမှာ အချစ်ထက် ပညာက ပိုအရေးကြီးတယ် ပညာရှာချိန်မှာ အချစ်ကို မရှာ ချင်ဘူး #ပြည့်ဖြိုးမောင်