Uni
မောင်သူရ ရန်ကုန်လေဆိပ်ကို ၅နာရီလောက်ထဲက ကြိုရောက်နေ၏။ ဒီနေ့ ကိုမောင် ပြန်လာမှာမို့ပါ ။ transit ကရန်ကုန်မို့ မန်းလေးကနေအသဲ အသန်ပြေးလာရတာ ။ သူ့အသဲသွားတာ စုစုပေါင်း ၃၈ ရက်ရှိပါပြီ။ သူလည်း အတော်လွမ်းနေပါပြီ။ လူလည်းကြာရင်အရက်သမား လုံးလုံး ဖြစ်တော့မည်။ ဒယ်ဒီနဲ့တီကြီးကတောင် စရတဲ့အဖြစ် သူတော်တော်ပိန်သွားတာ 5kg လောက်တောင်ကျသွား၏။ သူ့ကိုယ်သူလည်း အားမရပါ ။ ကိုမောင့်ကို သူ့ကိုယ်သူထက် ပိုချစ်နေတာမို့ ။ သူစိတ်မရှည်စွာ ရပ်စောင့်နေရင်း ပြည်ပ ဆိုက်ရောက်ကသူ့အသဲလေးထွက်လာပါပြီ ။ ပိန်သွားတဲ့အပြင် နွမ်းဖက်နေတာက လူမမာ ကျလို့ ။
"ကိုမောင် !!!!"
"ဖိုးသား !!!
လွမ်းနေတာ ဟင့် ...."ကိုမောင်ကသူ့မြင်တော့ဖက်ပြီး ငိုပါတော့သည်။ luggage တောင်မရွေးနိုင်အောင် ကိုမောင်ငိုတာကို ချော့ပေးနေရ ၏။ ကိုမောင်က ထုံးစံအတိုင်း style pantအသားရောင်နဲ့ boss polo shirt အဖြူ လေး ဝတ်ထားပြီး sneakers ကလည်း အဖြူလေးပါ ။ လက်မှာ coat အသားရောင်လေးကို ကိုင်ထားပြီး သူ့လက်ကို တွဲထားတာ မလွှတ်ပါ ။
"ထမင်း မစားဘူးမို့လား "
"အင်း "
"အခုဘာစားမလဲ "
"အိမ်ရောက်မှ တစ်ခုခုကျွေး
ယောကျာ်း လက်လေးပေး လွမ်းနေတာ
နောက်ဆို ဖိုးသားမပါဘဲ ခရီးမထွက်တော့ဘူး ""ပြွတ်စ် !!!
ကျနော် လိုက်ပို့မယ်ဆိုတာ ကို ""ရပါတယ်
ဖိုးသားကို အားနာလို့ ""ကိုမောင့် !!!"
"Sorry ပါ ယောကျာ်းရယ်
စိတ်မဆိုးသွားနဲ့အုန်း
အခု ချော့ဖို့အားမရှိသေးဘူး"တစ်လမ်းလုံးဖိုးသားလက်ကို ဆုပ်ကိုင်ထားတာ မလွှတ်တမ်းပါ ။ သူ့ဘဝမှာ အမျိုးဆိုလို့ ဖွားဖွားသာ ကျန်တော့၏။ သူ့ဖေဖေ ဆုံးသွားပါပြီ။ ဖိုးသားကိုပြောလိုက်ရင်ချက်ချင်းကြီးUS လိုက်လာမှာ ဆိုးတာမို့ သူမပြောဘဲ တစ်ယောက်ထဲ တင်းခံပြီး ရက်လည်မှ ပြန်လာတာပါ ။ အခုသူ့ဘဝမှာဖိုးသားလေးမိသားစု သာ ကျန်တော့၏။ ဖိုးသားလက်ကို ကိုင်ထားရင်း ကားမောင်းနေတဲ့ သူ့ကောင်လေးက ပြုံးပြီး သူ့ကို ပြန်ကြည့်နေတာ နဲ့တင် ဘဝကြီးက ပြည့်စုံသွားပါပြီ။
YOU ARE READING
Always by your side (Completed)
Romanceတစ်ဘဝလုံးအတွက် မဟုတ်ဘဲနဲ့ ချစ်တယ်ဆိုတာကို ဘာလို့ပြောခဲ့တာလဲ # သူရလင်းထင် ငါ့ဘဝမှာ အချစ်ထက် ပညာက ပိုအရေးကြီးတယ် ပညာရှာချိန်မှာ အချစ်ကို မရှာ ချင်ဘူး #ပြည့်ဖြိုးမောင်