Uni
📩လွမ်းတယ် ကိုမောင်
ဒီနေ့ မန်းလေးမှာ မိုးရွာနေတယ်ကိုမောင် US သွားထဲက နန်းရှေ့အိမ်မှာ ပြောင်းနေဖြစ်ပါသည်။ ဘဘ လည်းရှိတာမို့ အဖော်လည်း ရပါ၏။ ဘဘက စည်းကမ်းသိပ်ရှိတဲ့သူမို့ အစစအရာရာ စိတ် ချရသည်။ ဒီနေ့ဆို ကိုမောင်သွားတာ ၅လပြည့်ပြီး ၆လထဲရောက်လာပါပြီ။နွေရာသီကနေမိုးရာသီတောင်ရောက် လာခဲ့ပါပြီ။ လုံးဝ မိုးမရွာတဲ့ မန်းလေးက မိုးတောင် သည်းကြီးမည်းကြီး ရွာနေတာမို့ လွမ်းတဲ့ စိတ်က ပိုဆိုးနေတော့ သည်။time gap ရှိနေတာကြောင့် ကိုမောင်နဲ့ စကားပြောဖို့ အတော်ခက်ခဲပါသည်။သူအလုပ်ကဆင်းလာပြီးရေချိုးအဝတ် အစားလဲကာ ကိုမောင် အိပ်ယာက ထမယ့်အချိန်ကို စောင့်နေမိ၏။ သူနာရီကြည့်လိုက်တော့ ညနေ ၇နာရီ ၂၀မိနစ်ပါ။ ဒီအချိန်ဆို ကိုမောင်နေတဲ့ Boston မှာ မနက် ၇နာရီ ၅၀ ပါ ။ ကိုမောင့်ကို အိပ်ယာ နိုးမှ ရတော့မည်။ အလုပ်နောက်ကျမှာ စိုးတာမို့ပါ ။
📲တူတူတူ
📲တူတူတူ
📲အင်း ထပြီ ယောကျာ်း
📲ဘာလို့လည်း နေမကောင်းဘူးလား
📲ကောင်းတယ် အရမ်းအေးလို့ အလုပ်မသွားချင်ဘူး
📲5ting သဲရယ်
ထ မျက်နှာသစ် ၊ ရေမချိုးနဲ့တော့ ဘုရားရှင်ခိုးပြီး အလုပ်သွားတော့သူ့ကောင်လေးနိုးလို့သာနိူးတာပါ။အပြင်မှာ နှင်းတွေကျနေတာမို့ အပြင်မထွက်ချင်ပါ ။ အခန်းထဲမှာ heater နဲ့ဆိုတော့နေလို့ကောင်းပါသေးသည်။အလုပ်ကစက်ဘီးနဲ့သွားတာမို့ ၁၅ မိနစ်သာကြာ ပါသည်။ရေချိုးခန်းဝင်ပြီးရေချိုးချင်စိတ်ပေါက်တာနဲ့ ရေနွေးနဲ့ ရေပါချိုးလိုက်၏။ မချိုးလို့လည်း မရ တနေကုန် အလုပ်ထဲမှာ နေရမည် ။ ညနေ ၅နာရီမှအလုပ်ဆင်းမှာမို့သူလည်း အတော်လေးကိုကြိုးစားပမ်းစားရေချိုးရသည်။ မန်းလေးသားတွေက ဘယ်လောက် အအေးကြောက်လည်း သိတယ်ဟုတ် ။
📲အေးလိုက်တာကွာ
📲အာာ ရေချိုးလိုက်တာလား
YOU ARE READING
Always by your side (Completed)
Romanceတစ်ဘဝလုံးအတွက် မဟုတ်ဘဲနဲ့ ချစ်တယ်ဆိုတာကို ဘာလို့ပြောခဲ့တာလဲ # သူရလင်းထင် ငါ့ဘဝမှာ အချစ်ထက် ပညာက ပိုအရေးကြီးတယ် ပညာရှာချိန်မှာ အချစ်ကို မရှာ ချင်ဘူး #ပြည့်ဖြိုးမောင်