Uni
"မောင်သူရ
ဒါက ဘယ်လဲ ""အော် ကိုမောင့်ကို ပြောဖို့ရှာနေတာ
ဘောလုံးကန်သွားမလို့"ပြည့်ဖြိုးမောင်နဲ့မောင်သူရ ပြင်ဦးလွင်က ဖွားဖွားဆီ ရောက်နေကြပါပြီ။ ရန်ကုန်က စာအုပ် ပေါင်းများစွာသယ်ပြီး လေယာဥ်နဲ့ပြန်လာတာပါ ။ လေယာဥ်ကွင်းမှာ ဖွားဖွားလူယုံ ဦးလှလာကြိုလို့မန်းလေးအိမ်မဝင်ဘဲပြင်ဦးလွင် တန်းတက်လာတာပါ ။ ပြင်ဦးလွင်ရောက်တာ ၃ရက်တောင်မပြည့်သေးဘဲ မောင်သူရတို့က ခြံထဲက ကောင်လေးတွေနဲ့ပေါင်းမိပြီး အိမ်ကိုမကပ်တော့တာပါ ။
"မျက်နှာက ဘာဖြစ်တာလဲ
မသွားရဘူးလားပြော ""သွားသွား
အိမ်မကပ်နဲ့ "မောင်သူရလည်းဘောလုံးကန်ရန်ဝတ်စုံပြည့်ဖြင့် ဖြစ်နေတာမို့ကိုမောင်မသွားစေချင်မှန်းသိသော် လည်း ခြံထဲက အလုပ်သမားရွယ်တူကောင်လေးတွေနဲ့ ဆိုင်ကယ်ဖြင့် ထွက်လာခဲ့သည်။ ကိုမောင်ကတော့ အိမ်ကြီးထဲက အပြင်တောင်မထွက်တာပါ ။ နွေရာသီဆိုပေမယ့် ခြံထဲမှာ ပေါနေတဲ့စတော်ဘယ်ရီတောင် ဆင်းမခူးပါ ။ အလုပ်သမားတွေ ခူးခိုင်းတတ်၏။ သူ့လို တနေကုန်အိမ်ထဲမှာ မနေနိုင်တာ သူရပါ ။
"ဘာတွေဖြစ်နေတာလည်းမြေးလေး "
"ဖိုးသားလေ
ခြံထဲက ကောင်လေးတွေနဲ့ ဘောလုံးကန်တဲ့ ပြောမရ ဆိုမရ ""အော်မြေးလေးရယ် ခလေးပဲ
အိမ်ထဲ ဘယ်နေချင်မှာလဲ "ဖွားဖွားကမောင်သူရဘက်က လိုက်ပြောပေးတာမို့ ပြည့်ဖြိုးမောင် မကျေနပ်ပါ ။ သူကတော့ပြင်ဦးလွင်ရောက်ထဲကဖိုးသားအတွက် waistcoat ထိုးပေးချင်လို့ ချည်သွားဝယ်ထားတာ။ အခုတော့ နှစ်ချောင်းထိုးနဲ့ စထိုးနေပါပြီ။ သူတစ်ထည် ဖိုးသားတစ်ထည်ပါ ။ ဖိုးသားကြိုက်တဲ့ အမဲရောင်ရယ် သူကြိုက်တဲ့အဖြူရောင်ရယ် အကြားလေးထိုးမှာပါ ။
"ဆရာလေး !!
ဖုန်းလာတယ် ""ဘယ်သူလဲ "
"ဆရာသူရ လက်ဒဏ်ရာရသွားလို့တဲ့ "
KAMU SEDANG MEMBACA
Always by your side (Completed)
Romansaတစ်ဘဝလုံးအတွက် မဟုတ်ဘဲနဲ့ ချစ်တယ်ဆိုတာကို ဘာလို့ပြောခဲ့တာလဲ # သူရလင်းထင် ငါ့ဘဝမှာ အချစ်ထက် ပညာက ပိုအရေးကြီးတယ် ပညာရှာချိန်မှာ အချစ်ကို မရှာ ချင်ဘူး #ပြည့်ဖြိုးမောင်