Uni
"ကိုမောင့်!! ကျနော် အပြင်ခဏသွားအုန်းမယ်လေ "
"မှောင်နေပြီလေ
ကိုမောင် လိုက်မယ် ""ရတယ် ကျနော်တစ်ယောက်ထဲ သွားမယ် "
"မင်းက ငါ့ကို မခေါ်ချင်တာလား
ရတယ် သွားသွား
ဘယ်တော့မှ လာမခေါ်နဲ့ "ပြည့်ဖြိုးမောင်စိတ်ဆိုးလွန်းလို့အမြန်ရေချိုးခန်း ထဲဝင်သွားလိုက်၏။ သူ့ကိုဆေးရုံကို ဝင်ကြိုထဲကသွားလို့ရတာကိုဘာလို့များအခုမှ တစ်ယောက်ထဲသွားချင်နေလည်းမသိ အတော် စိတ်ဆိုးတာပါ ။ကိုယ်ချစ်တဲ့ကောင်လေးကကိုယ့်ကို အလေးမထားတာလောက် စိတ်ဆိုးတာ မရှိပါဘူး ။ ရေ ချိုးခန်းထဲမှာ မျက် ရည်တွေကျနေပြီးရာသီဥတု အရမ်းအေးနေပေမယ့် သူ့ရင်ထဲတော့ အတော်ပူလောင်နေ၏။
"ကိုမောင် ကျနော် သွားပြီနော်
ရေမြန်မြန်ချိုး အအေးပတ်နေအုန်းမယ် "သူရလည်း စိတ်ဆိုးနေတဲ့ ဆရာဝန်ပေါက်စ ကို လှမ်းအော်ပြောကာ သူအမြန်ထွက်လာခဲ့လိုက် ၏။ ဆိုင်ကယ်စီးရတာရေလည်း ချိုးထားပြီး နောက်ကနေ ဖက်ပေးမယ့် သူလည်း မရှိတာမို့ အတော်အေးနေတော့သည်။ အိမ်အပြန် ကိုမောင့်ကို ချော့ဖို့လည်း ကြိုးစားရအုန်းမည်။ အခုတော့ သူလုပ်ရမည့်အလုပ်ကို ပြီးစီးအောင် အမြန်လုပ်ပြီး အိမ်ပြန်လာခဲ့၏။ စိတ်ဆိုးနေတဲ့သူက အိမ်ရှေ့မီးတွေတောင် ဖွင့်မထားဘဲ အခန်းထဲမှာ စိတ်ကောက်နေတာ ကွေးနေတာပါပဲ။
"ကိုမောင့် ထ
ကျနော် ထမင်းကြော် ဝယ်လာတယ်
လ္ဘက်သုပ်ကော ""........"
"ကိုမောင်!!!
ကျနော်က အရမ်းချစ်တယ်နော် သိထားပေး "".........."
"အား ဗိုက်က ဆာလိုက်တာကွာ
ကိုမောင်မှမစားတာရင် ကျနော်လည်း မစားဘူး "သူရကသူတစ်ယောက်ထဲကိုမောင့်အခန်းထဲမှာ မျိုးစုံချော့ပေမယ့် လုံးဝ ချော့မရတာမို့ ရေသောက်ပြီး အိမ်ရှေ့က သူ့တို့အိပ်တဲ့ဧည့်ခန်းကမွေ့ယာပေါ်ရောက်လာတော့၏။ဘေးမှာ ထောင် ထားတဲ့ဂစ်တာကို ကြိုးညှိကာ ဟင်္သာ တို့ရဲ့ နန်းတော်ရှေ့ သီချင်းကို စိတ်လွတ် ကိုယ်လွတ်သီဆို လိုက်၏။ တကယ် ဗိုက်ဆာနေပေမယ့် ကိုမောင်က ညစာထွက်မစားတာမို့သူလည်း ညစာ မစားတော့ပဲ စာဖတ်နေလိုက်၏။
YOU ARE READING
Always by your side (Completed)
Romanceတစ်ဘဝလုံးအတွက် မဟုတ်ဘဲနဲ့ ချစ်တယ်ဆိုတာကို ဘာလို့ပြောခဲ့တာလဲ # သူရလင်းထင် ငါ့ဘဝမှာ အချစ်ထက် ပညာက ပိုအရေးကြီးတယ် ပညာရှာချိန်မှာ အချစ်ကို မရှာ ချင်ဘူး #ပြည့်ဖြိုးမောင်