Uni
""ဖြိုး စိုက်ပျိုးရေး ခြံ ""
သူရနဲ့ဒယ်ဒီပြင်ဦးလွင်မှာ ရောက်နေတဲ့ ကိုမောင့်ဆီလာကြတာဖြစ်သည်။ကိုမောင်ပြောပြတဲ့ လိပ် စာအတိုင်းလာလိုက်တာ အခု ကိုမောင်တို့ခြံရှေ့ ရောက်လို့လာပါပြီ။ ကိုမောင် ကိုလည်း မတွေ့တဲ့အပြင် ခြံကလည်း အင်မတန် ကျယ် ဝန်းတာမို့ ခြံရှေ့က လုံခြုံရေးဂိတ် ကိုသာ ဆင်းမေးရတော့သည်။
"ကိုပြည့်ဖြိုးမောင်တို့ ခြံလားဗျ"
"ဟုတ်ပါတယ် ဗျာ ဆရာ ဖြိုး ရှိပါတယ်
ကားဆက်မောင်းသွားရင် အိမ် အကြီးကြီး ရှိပါတယ်ဗျ""ဟုတ်ကျေးဇူး ဦးကြီး "
သူရ နဲ့ဒယ်ဒီ ကားဆက်မောင်းရင်း ၅မိနစ်ခန့်သွားလိုက်တော့ နှစ်ထပ်တိုက်အကြီးကြီးကိုတွေ့ပါပြီ။ အလုပ်သမားတွေကလည်း ခြံထဲမှာ စတော်ဘယ်ရီ ခူးနေကြတာကိုလည်းတွေ့ရ၏။ တိုက်ကြီး ရှေ့မှာတော့ ပန်းပေါင်းစုံ စိုက်ထားပြီး အရမ်းကိုလှပတဲ့သစ်ခွတွေစိုက်ထားတဲ့အတန်း တွေကိုလည်းတွေ့ရပါသည်။
"ကိုပြည့်ဖြိုးမောင်နဲ့ တွေ့ချင်လို့ပါဗျ"
"ဆရာ ဧည့်သည်လာတယ် "
"အာာာ ဆရာကြီး လာပါဗျ
မောင်သူရက ဖုန်းဆက်လိုက်ပြီးရော
ထွက်ကြိုနေမှာပေါ့
ဆရာကြီးကို အားနာလိုက်တာ ""ရတယ် သားကိုဖြိုး
မင်းညီအကြောင်းသိတယ်မို့လား
ဇွတ်ဆိုတာလေ "ဒယ်ဒီနဲ့ ကိုမောင်က သူ့အကြောင်းတွေ ပြောရင်း အိမ်ထဲခေါ်သွားတော့သည်။ အိမ်ကြီးကလည်း နှစ်ဆောင်ပြိုင်အိမ်ကြီးဖြစ်ပြီး နွေရာသီတောင် အေးစိမ့်နေတော့သည်။ အိမ်ကြီးထဲမှာ တော့ အပြုံးချိုချိုနဲ့အဖွားက စီးကြိုနေတော့သည်။ ကိုမောင်ကလည်း သူ့ဖွားဖွားနဲ့ သူတို့သားအဖကို မိတ်ဆက်ပေးနေတော့ သည်။
"ကြီးမေတို့ကိုအားနာလိုက်တာ "
"အားနာစရာ မလိုပါဘူး ဆရာရယ် "
"သားလေးကို အပ်ခဲ့ပါတယ် ကြီးမေ ရိုက်ပြီးလည်း ဆုံးမပေးပါ "
YOU ARE READING
Always by your side (Completed)
Romanceတစ်ဘဝလုံးအတွက် မဟုတ်ဘဲနဲ့ ချစ်တယ်ဆိုတာကို ဘာလို့ပြောခဲ့တာလဲ # သူရလင်းထင် ငါ့ဘဝမှာ အချစ်ထက် ပညာက ပိုအရေးကြီးတယ် ပညာရှာချိန်မှာ အချစ်ကို မရှာ ချင်ဘူး #ပြည့်ဖြိုးမောင်