Part 21 (Uni+Zawgyi)

1.6K 80 24
                                    

Uni

"""၅နှစ်ခန့်ကြာ​သော အခါ """"

"ဒယ်ဒီ !!!
တီကြီး!!!"

"ငါ့သား လူကြီးဖြစ်သွားပြီ "(ဒယ်ဒီ)

"ဟုတ်ပ ဖိုးသား
လူပျိုကြီး ဖြစ်​နေပြီ​နော် "(တီကြီး)

"ဟာ...တီကြီးကလည်း သားက က​လေး ပါပဲဗျာ "(သူရ)

သူရ လည်း Aussei က ဦးငယ်ဆီမှာ သွား​နေရင်း ဦးငယ်က ​ကျောင်းဆက်တက်ခိုင်းတာ​ကြောင့် ဦးငယ်လို orthopaedic surgeon (အရိုးအထူးကုဆရာဝန်)တစ်​ယောက်ဖြစ်လာပါပြီ။ တစ်စုံတစ်​ယောက်ကို ​မေ့ဖို့ စာဖတ်တာ အ​ကောင်းဆုံးပဲလို့ ဦးငယ် ​ပြောပြခဲ့လို့ပါ ။ အခုဆို Sydney Medical School( SMS)က​နေ Phd အထိ တက်​ရောက်​အောင်မြင်ခဲ့ပါသည်။ ကို​မောင့်ကို ​မေ့ဖို့ စာဖတ်ရင်း အထူးကု တစ်​ယောက်​တောင် ဖြစ်လာခဲ့ပါသည်။ ဟိုဘက်က ​ဆေးရုံမှာ အလုပ်ဝင်​နေ​ပေမယ့် တီကြီးနဲ့ ဒယ်ဒီက သူ့ကိုလွမ်းတယ်ဆိုတာ​ကြောင့်အပြီးပြန်လာခဲ့၏။

"ငါ့သား ဘယ်နှစ်လ ​နေမှာလဲ "(ဒယ်ဒီ)

"အပြီးပြန်လာတာ ဒယ်ဒီ "(သူရ)

"တကယ်လား ဖိုးသား "(တီကြီး)

"တကယ်​ပေါ့ တီကြီးကလည်း
ဘာလည်း သားက ရစ်မှာ စိုးရိမ်​နေတာလား "(သူရ)

​"ပျော်လို့ပါဖိုးသားရယ် တီကြီး​ပြောတဲ့ ​မောင်သူရ ​လေး အဖြစ် ပြန်လာတဲ့အတွက် ဝမ်းသာပါတယ် "(တီကြီး)

သူရလည်း တီကြီးနဲ့ ဒယ်ဒီ အသက်ကြီးလာပြီဖြစ်တဲ့အတွက်မြန်မာပြည်ပြန်လာတာပါ ။ အခုဆိုဒယ်ဒီ က ၅၂နှစ် ၊တီကြီးက ၅၅ နှစ်​တောင်ရှိသွားပါပြီ။ သူ​တောင် ဘာလိုလိုနဲ့ ၂၈ နှစ်ရှိ​နေပါပြီ။ အသက်​တွေ ကြီးသွားပေမယ့် မြန်မာပြည် ပြန်​ရောက်​တော့လည်း ကို​မောင် ကို အရင်လိုလွမ်းစဲပါပဲ။

"ဆရာ​လေးဖိုးသားအခန်း ရှင်းထားတယ် "

​"ဒေါ်​လေးနီ
ဦးစိန်​နေ​ကောင်းတယ်​နော် "

​"ကောင်းပါတယ် ဆရာ​လေး "

"ဖိုးသားလို့ပဲ​ခေါ်ပါ "

ဦးလင်းထင်လည်းသူ့သားကအရင်လိုတက်တက် ကြွကြွ​လေး ဖြစ်​နေတာကို ​ပျော်လို့မဆုံးပါ။ အရင်ကလိုငူငူငိုင်ငိုင်မဟုတ်တော့တာပဲ သူ့ဦး​လေး ကို ​ကျေးဇူးတင်ရမည်။ တစ်ဦးတည်း​သော သား​လေးမိတဆိုး​လေးမို့ သဲသဲလှုပ် ချစ်ကြတာပါ ။ အခု​တော့ပြောစရာ မလိုတဲ့ ရုပ်ရည်နဲ့ တက္ကသိုလ် အ​ကောင်းစားကြီးက Phd ပါရလာတာဆို​တော့ အ​တော်​လေးဂုဏ်ယူရပါသည်။

Always by your side (Completed)Onde histórias criam vida. Descubra agora