Part 9 (Uni+Zawgyi)

1.7K 82 10
                                    

Uni

"ကို​မောင် !!!"

​"ပြော"

"ကျ​နော် ​တောင်တက်အသင်းဝင်ချင်လို့"

"အမ် "

သူရတစ်​ယောက် တက္ကသိုလ် ​​ခြေကျင်နဲ့ ​တောင်တက်အသင်းဝင်ဖို့ ကို​မောင့်ဆီမှာ ခွင့်​တောင်း​နေရသည်။ ကို​မောင်က သိတဲ့အတိုင်းပဲ အိမ်သာ တက်တာ ကြာရင်​တောင် ဘာလုပ်​နေတာလည်းလို့ဆူတက်သူပါ ။ သူကလည်း ကို​မောင်အဲ့လို သူ့ကို ဂရုစိုက်​နေတာကို အရမ်း​တွေသ​ဘောကျတာပါ ။ ကို​မောင်ကိုမ​ပြောဘဲတစ်ခုခု လုပ်ကြည့်လို့ ကို​မောင်အသိရင် မီးခိုး ကြွက်ခြောက်ပါ ။ ကို​မောင်က သူ့ကိုမ​ပြောဘဲ လုပ်တာ စိတ်အဆိုးဆုံးမို့ အ​သေးအ​မွှားကအစ ကို​​မောင် ခွင့်ပြုမှ လုပ်တတ်တာ အကျင့်ပါ​လာတော့၏။

"စာ​တွေက ရလို့လား
​တောင်တက်အသင်းဝင် ရင် မနက်အ​စော training ဆင်းရတာ​နော် ​မောင်သူရ "

"ဟုတ် စာ​တွေကရတယ်
စ​နေ၊ တနင်္ဂ​နွေ ပိတ်ရက် training ရှိတယ်တဲ့"

"Test ​တွေမှာ အမှတ်နည်းရင်​တော့ ချက်ချင်း ထွက်ရမယ်​နော် "

"ဟုတ်"

ပြည့်ဖြိုး​မောင် စာ ဖတ်​နေတဲ့နားကို က​လေးတစ်​ယောက်လိုဂျီလာကြ​နေတာက ​မောင်သူရပါ ။ ​ဆေး​ကျောင်းသားထဲမှာ အ​ပေါ့ပါးဆုံး ​မောင်သူရပါ ။ ဘယ်သူ​တွေ ဘယ်​လောက် ကြိုးစားကြိုးစား ​မောင်သူရ​တို့က ​အေး​ဆေးပါ ။ test အမှတ်စာရင်း ထွက်ရင်​တော့ all credits ပါ ။ တခါတခါ သူ​တောင် ​မောင်သူရကို ​ဒေါသထွက်မိလာ၏။ ဥာဏ်အင်မတန်​ကောင်းတာက ပါရမီပါ ။ ​​ဆေး​ကျောင်းက ရှိသမျှအသင်း အကုန်ဝင်ထားတာပါ ။ ​ဘောလုံး၊ ​တောင်တက် ၊ ဂီတ၊ ပန်းချီအားလုံးပါ ။ ကဗျာ စာ​ပေက လွဲလို့​ပေါ့။ သူမရဆုံးက မြန်မာစာ​ပေပါ ။

"2nd test က ဘယ်​နေ့လဲ "

​"နောက်တပတ် monday "

​"ဟေ
ဘာလို့ ငါ့ကို မ​​ပြောတာလဲ "

"စာ​တွေ ရ​နေလို့​လေ
ကို​မောင်ကလည်း "

"စာအုပ်​တွေယူခဲ့ မေးမယ်
မရလို့က​တော့ "

"မရရင် ဘာလုပ်မှာလဲ "

"မရရင် ဒီည အိပ်ဖို့မစဥ်းစားနဲ့ "

Always by your side (Completed)Donde viven las historias. Descúbrelo ahora