Part 44 (Uni+Zawgyi)

1.7K 59 18
                                    

Uni

"ပြွတ်စ်!! ထ​​တော့​လေ "

"မထပါဘူး အခုမှ အနားကပ်ရတာ "

​"ပြော​တော့မယ်
ထ ဒီ​နေ့ pre wedding ပုံ​တွေလည်းရမှာ
အင်္ကျီလည်း fitting ချရမှာ "

"ဟုတ် "

အလုပ်လည်း ခွင့်ကျလာပြီမို့ မသွားရ ။ မင်္ဂလာပွဲအတွက်အားသွန်ခွန်စိုက်ကြိုးပမ်း​​နေရပါသည် ။ အမဇွန်သူက ကူညီ​ပေမယ့် အားနာ တာ​ကြောင့် နှစ်​ယောက်သားလုံးပန်း​​​နေတာ ဖိတ်စာ အဖြူ​ရောင် လှလှ​လေး တစ်​​စောင်​တောင် ထွက်လာခဲ့၏။

"မနက်စာ အပြင်မှာ စားမယ်​လေ "

"ဟုတ် မိန်းမသ​ဘော
ဘာစားချင်လည်း "

"အသားလုံး​ခေါက်ဆွဲ "

"အို​ကေ "

ဘဘ ကို နှုတ်ဆက်ကာ မနက်စာ စားဖို့ အသားလုံး​ခေါက်ဆွဲဆိုင်ချီတက်လိုက် ၏။  မနက်တိုင်း သူ့​ယောကျာ်း ပင်ပင်ပန်းပန်းမနက်စာ လုပ်​ကျွေး​နေရတာစိတ်မ​ကောင်းဖြစ်​နေမိ၏။သူ့အားနည်း ချက်ကလည်း အချက်အပြုတ်မကျွမ်း ကျင်တာပါ ။ဘာမှ မယ်မယ် ရရ မလုပ်တတ်တာမို့ တခါတခါ အားငယ်မိ၏။

📲Buzz ပိုးသား

​📞အေး ပိုးသား
၁၀ရက်​​နေ့ မင်္ဂလာ​ဆောင် လာမှာမို့လား

📞လာမှာ​လေ သူရ

"ကို​မောင် !!ဘာစားမလဲ "

"မစားချင်​တော့ဘူး "

ကို​မောင် မျက်နှာပျက်သွားထဲက စိတ် ဆိုးသွားတာ သိသာ​နေ၏။ ကို​မောင်က ပိုးသားတို့ နန်းတို့ နဲ့ဆို သူ့ကို လုံးဝမရပါ ။ မျက်နှာကြီး ဆူပုတ်ပြီး စကားမ​ပြော​တော့တာ​ကြောင့် ကို​မောင့်အကြိုက် ကြက်သားလုံး ​ခေါက်ဆွဲ  မှာကာ စီလုံတီး တစ်ခွက်လည်း မှာထား​ပေးပြီး ကို​မောင့် ​ပေါင်​​ပေါ်လက်တင်လိုက်၏။

📲Buzz ဇွန်သူ

​📞အေးဇွန်သူ
နင် ဘယ်မှာလည်း ​ဆေးရုံမှာလား

📞မဟုတ်ဘူး ဒီ​​နေ့ off

📞ငါ့လာ​ခေါ်

📲တူတူတူ

"ဘာလုပ်တာလဲ !!!"

​"တော်ရုံပဲစိတ်ဆိုး ခင်များ​ယောကျာ်းက
ဘယ်​တော့မှ ခင်များကို ထားမသွားဘူး
ဒီဘဝတင်မဟုတ်ဘူး
သိလား "

Always by your side (Completed)Where stories live. Discover now