Part 23 (Uni+Zawgyi)

1.8K 74 16
                                    

Uni

"အမ် !!
ငါ့အဝတ်​တွေ "

သူရဒီ​​နေ့ OTရှိတာမို့အ​ဆောင်ပြန်​ရောက်​တော့ ၈နာရီ​တောင်ရှိပါပြီ။ တစ်ခန်းလုံးသန့်ရှင်း​နေပြီး​တော့အဝတ်အ စား​ တွေအားလုံးက ဝရံတာ အ ဝတ်လှမ်းတန်းမှာပါ ။ အဝတ်လှမ်းတန်းတစ်ခုလုံး အနက်​ရောင် ​ဘောင်းဘီ ၊ အင်္ကျီ​တွေ အပြင် broxers ​တွေပါ လှမ်းထားတာမို့ ကို​မောင် လာ​လျှော် ​ပေးသွားတယ် ဆိုတာ ​ပြောစရာ ​တောင်မလိုပါ ။

"တံခါး passward ဘယ်လိုသိလည်း"

🎶တီး​တောင်

"ထမင်းစားပြီးပြီလား "

"အင့်အင်း "

​"ရေချိုး​တော့ ကို​မောင် အမြန်ချက်လိုက်မယ် "

"ဘာလို့ အဝတ်​တွေ ​လျှော်ထားတာလည်း "

"နံ​နေလို့ "

ပြည့်ဖြိုး​မောင်လည်းသူရ ရဲ့ ၂ အုပ်​မြောက် ဒိုင် ယာရီဖတ်ရင်း သူ့ ရဲ့ passward ​တွေအားလုံးက ကို​မောင့်​မွေး​နေ့ပါတဲ့ ။ သူလည်း မှန်လားသိချင်တာနဲ့အခန်းတံခါး passward ကို နှိပ်လိုက်တာ တခါတည်း ပွင့်သွား​တော့၏။ လူပျို​လေးတစ်​ယောက် ဘယ်​လောက်​တောင် ဗရုတ်သုတ်ခ ​နေလည်းဆို မနက်ထဲက aircon ​တောင် ပိတ်မသွားတာမို့ တစ်ခန်းလုံး​အေးစက်​နေ​တော့သည်။ အဝတ်ဗီဒို ထဲမှာ အဝတ်​တွေက ပွ​နေတဲ့အပြင် တန်း​ပေါ်မှာလည်း ဝတ်ထားတာ​တွေအပြည့်မို့အ ဝတ်​လျှော်စက်ထဲအား လုံးထည့်လိုက်ကာ ​လျှော်လိုက်၏။ ဆပ် ပြာ​မှုန့်တောင်မရှိတာမို့ သူ့အခန်းပြန်ယူပြီး အားလုံး ​လျှော်လိုက်ရ၏။ ​ရေခဲ​သေ တ္တာထဲလည်း beer ဗူး၊နို့ဗူးနဲ့ ​ရေဗူးသာရှိသည်။ ဘာ​တွေ စား​သောက်​နေမှန်းမသိတာမို့ ညစာ ပါချက်​ကျွေးဖို့ ပြင်လိုက်ပါသည်။

​"ရေမြန်မြန်ချိုး အ​အေးပတ်မယ်​နော်
ကို​မောင် ဟင်းပြန်​နွှေးလိုက်​တော့မယ်
ကို​မောင့်တံခါး pw က ဖိုးသား​မွေး​နေ့ "

"ဟုတ် "

သူရ လည်း ကို​မောင့် စကားကို​ကောင်း​ကောင်း ပြန်​ပြောတာဒီတခါပဲရှိ​သေး၏။သူနဲ့ကို​မောင်တူ​ နေတဲ့ အချက်​ကြောင့်ပါ ။ ထူးဆန်းတာက သူ့ pw ကို မ​ပြောဘဲ သိ​နေတာ​ကြောင့်လည်းပါ၏ ။

Always by your side (Completed)Where stories live. Discover now