Part 43 (Uni+Zawgyi)

1.5K 65 16
                                    

Uni

​"ပြော အဲ့ဒါ ဘယ်သူလဲ"

​"တေဇာ​လေ
ဘာလို့လဲ "

"ဘာလို့တွဲ​နေတာလဲ "

"ဖိုးသား!!!
မင်း ငါ့ သိက္ခာ ကို မ​ဆော်ကားနဲ့
မင်းနဲ့ လက်ထပ်ဖို့ ​တောင် စီစဥ်​နေပြီ​နော်  "

"စိတ်​တွေက ကျ​နော့ဆီမှာ ရှိရဲ့လား"

"ဘာစကားလဲကွ"

သူ့ဖုန်းကို ဖိုးသားက လာကလိရင်း ​တေဇာ့ ပုံ ​တွေ့သွားလို့ မိုးမီး​လောင်​နေ၏။ ​ပြောလည်း မရတာမို့ သူလည်း ဘာမှမ​ပြောဘဲထား​ပေးလိုက် ၏။ အရမ်း​တွေ ​ဒေါသထွက်ပြီး ​ဆေးရုံသွားတာ​တောင် မနက်စာ စားမသွား။ သူလည်း ဘာ​ဖြေရှင်း ချက်မှမ​ပေးချင် ။  ​မောင်ဖိုးသားတို့က​တော့ က​လေးစိတ်မကုန်​သေးတာ သူအသိ ။  ဘာကိစ္စ ​နေ​​နေ စိတ်ဆိုး​​ဒေါသထွက်ရမှ​ကျေနပ် ၏။ သူလည်း အ​တော်​လေး ပင်ပန်း​နေပါပြီ ။

"ဆရာဖြိုး !!"

"လာပါဘဘ "

"ဘာဖြစ်တာလဲ မျက်နှာလည်း မ​ကောင်းပါလား "

"ဖိုးသား​လေ "

"စိတ်ထဲမထားပါနဲ့ ဆရာဖြိုးရယ်
ဆရာသူရ က ဆရာ့ကို တကယ်ချစ်တာ
ဆရာမရှိတဲ့ နှစ်နှစ်အတွင်း တကယ့်ကို အရုပ်ကျိုးပြတ်ပါ "

ဆရာ နှစ်​ယောက်ကြားမှာ ဘဘ ပါ ပါရ၏။ သူ့ဆရာ​တွေကလည်း မင်္ဂလာ​ဆောင်နီးပြီမို့ သူလည်း အစစအရာရာ ​ပြေလည်​စေချင်ပါ၏။  အခု​တော ဆရာဖြိုးကိုဖြောင်းဖြကာဆရာသူရ အကြိုက်ဝက်သားပြား​ကြော်နဲ့ သီး ရွက်စုံသုပ် ပဲနီ​လေး ဟင်းချို ချက်​ပေးလိုက်၏။ ဆရာ ဖြိုးက​တော့ ငါးရံ​ခြောက် ကို ခရမ်းချဥ်သီးနဲ့ ချက်ပြီး လ္ဘက်နှပ်​ပေးထားရသည်။ 

"ဘဘ သွားပို့​လိုက်​တော့
ထမင်းချိုင့် "

"ဘာမှာအုန်းမလဲ ဆရာ ဖြိုး "

"မမှာ​တော့ဘူး "

ဘာမှ ​​ပြောချင်စိတ်မရှိတာမို့ ပြည့်ဖြိုး​မောင်တို့က လိမ့် အိပ်​နေလိုက်၏။  ဒီက​လေးက စိတ်ဆိုး စိတ်​ကောက်တာ လွန်အားကြီးတာမို့ တခါတခါ မ​ချော့ပဲ ပစ် ထား ကြည့်လိုက်တာပါ ။

Always by your side (Completed)Donde viven las historias. Descúbrelo ahora