Part 20 (Uni+Zawgyi)

1.8K 74 14
                                    

Uni

"ဒယ်ဒီ
သား လကုန်ရင် ကို​မောင့်​နောက် လိုက်သွားမှာ​နော်"

​"နေပါအုန်း သားရယ်
ဒယ်ဒီ စုံစမ်း​နေပါတယ် "

ကို​မောင် သူ့နားက ထွက်သွားတာ ၆ လ​ကျော်​နေပါပြီ။ ကို​မောင် ထွက်သွားပြီး လတိုင်း စာမှန်မှန်ပို့ပြီးသူနဲ့စာအဆက် အသွယ် ရှိတာမို့ သူ့မှာ စာနဲ့ပဲ အလွမ်း​ဖြေ​နေရ၏။ စာထဲမှာပါတဲ့ကို​မောင့်စ ကားကိုနား​ထောင်ပြီးရန်ကုန်​ဆေး၁မှာ ​ကျောင်း တက်​​နေတာပါ ။ကို​မောင်နဲ့ စာ အဆက်အသွယ်ပြတ်သွားတာ ၂လ​ကျော်ပြီမို့ ​လူကနေမထိထိုင် မသာပါ ။ အခု ဒယ်ဒီလည်း ပြန်​ရောက် လာပြီမို့ အပူကပ်​ရတော့သည်။

"မမ သားကိုဖြိုး သွားတဲ့ NGO အဖွဲ့က ဘယ်အ​ခြေစိုက်လဲ (ဒယ်ဒီ)"

"US ​လေ ​မောင်​လေး (တီကြီး)"

"ကို​မောင့် ​မေ​မေလည်း ​နေမ​ကောင်းလို့ မြန်မာပြည်ပြန်​ရောက်​နေတယ်တဲ့ (သူရ)"

"အမ် !!!ဟုတ်လား (ဒယ်ဒီ)"

"ဟုတ်တယ် ဖွားဖွား​ပြောတာ (သူရ)"

"မန်း​လေး သွားပြီး လူနာ ​မေးရအုန်းမယ် (ဒယ်ဒီ)"

"မ​မေးနဲ့ဒယ်ဒီ သူ့​ကြောင့် ကို​မောင်နဲ့ ကျ​​နော် ဒုက္ခ ​ရောက်ရတာ (သူရ)"

"အဲ့လို မ​ပြောရဘူး​လေ ဖိုးသား (ဒယ်ဒီ)"

"ဟုတ်သားပဲ ဖိုးသားရယ်
စာထဲပဲ စိတ်ထည့်ထား
မင်းအကို ပြန်​ရောက်ရင် မန်း​လေး ပြန်​နေကြ(တီကြီး)"

"တီကြီး တကယ်​နော် (သူရ)"

"အင်း ဒီမှာ မင်းဂျီကြတာ မခံနိုင်ဘူး (တီကြီး)"

​ဒေါ်လင်းလင်းမြတ် တကယ်ကို စိတ်ရှုပ်လာတာပါ ။ သူ့တူ​လေးက မိတဆိုး​လေးမို့အလိုလိုက်ထားတာ ​ခြေ​ကော လက်​ကော လန်​တော့သည်။သားကိုဖြိုးဘယ် လို​တောင် ထိမ်း​ကျောင်းလည်း မသိ ။ အ​တော်​လေး ဂျီကြတဲ့က​လေးပါ ။ သားကို ဖြိုး က ၆လပဲ NGO မှာ လုပ်မှာလို့ သူ့ကို စာ​ရေးထားတာ​ကြောင့် သူလည်း ​မျှော်​နေမိတာပါ ။

"ဒယ်ဒီ!!! မုန့်ဖိုး"

"ကုန်ပြီလား မ​နေ့ကတင် ၁​သောင်း​ပေးထားတာ "

Always by your side (Completed)Onde histórias criam vida. Descubra agora