Part 30 (Uni+Zawgyi)

1.8K 69 25
                                    

Uni

"ထ​တော့​လေ သဲ
ဒီ​နေ့ ​အလုပ်ပြန်ဖွင့်ပြီ​နော် "

"ခဏ​လေး
၅မိနစ် ၅မိနစ် ကွာ"

"ပြွတ်စ်!!!အိပ်ပုတ်​လေးပါကွာ "

​မောင်သူရ gym က ပြန်လာပြီး နိုးတာ​တောင် ကို​မောင်တို့က မထ​သေး ။ သူရ လည်း ထမင်းချိုင့်အတွက် ပုစွန်ထုပ် ​ကြော် ၊  လိုက်လန် ခရုဆီ​ကြော် နဲ့ ပဲလိပ်ပြာ နှပ် ချက်ပြီး ​ရေချိုးခန်းထဲဝင်ပြီး ​ရေချိုးလိုက်၏။ မနက်တိုင်း ကို​မောင့်ကို နိုးရတာ အလုပ်တစ်ခုပါ ။ ထမင်းဟင်း ကို​မောင့်ကိုမချက်ခိုင်းဘဲသူချက်​နေတာ ကြာပါပြီ။၊ကို​မောင် ပင်ပန်းမှာ ဆိုးလို့ ဘာမှမလုပ်ခိုင်းတာမို့ အပျင်းပိုကြီးလာ၏။

​​"ယောကျာ်း !!!"

"သဲ​ပြော "

"လာဆွဲထူအုံး "

"ဟုတ်ပါပြီဗျာ "

"ဘာလို့အရမ်း​ချော​နေတာလဲ "

"ဟင် !!!"

ရစ်စရာ မရှိ ရှာကျန်ရစ်​နေတာ ကို​မောင်ပါ ။ သူ​ရေချိုးပြီးအဝတ်အစားလဲပြီးတာကို ပဲများတယ်ဆိုပြီးရန်ရှာကာ ​ရေ ချိုးခန်းဝင်သွား​တော့၏။ သူလည်း မနက်စာ ဝယ်လာတဲ့ ရှမ်း​​ခေါက်ဆွဲနဲ့ ​ပေါ့ဆိမ့်တစ်ခွက် ၊ နို့မလှိုင်တခွက်နဲ့ မ​န်း​လေးပဲ​ကြော် ပြင်ထားလိုက်၏။ကို​မောင့်အတွက်အဝတ် အစားပါပြင်​ပေးပြီး ထမင်းချိုင့်ထည့်ထားလိုက် ၏။ မနက်တာဝန်အားလုံးပြီး​အောင် ဆွမ်း​တော်ကပ်ဖို့ပါပြင်ထားလိုက်သည်။ ဆွမ်း​​တော်က ကို​မောင်ကပ်တာမို့ပါ။သူက ဘုရားစာဆို သြကာသတစ်ခုဘဲရ၏။

"ဆွမ်း​တော်ကပ်လိုက် ​တော့ သဲ​ရေ
အားလုံးပြီးပြီ"

​​"တော်လိုက်တဲ့ ယောကျာ်း"

ပြည့်ဖြိုး​မောင် ဆွမ်း​တော်ကပ်ပြီး breakfast စားလိုက်ပါသည်။ သူ့​ကောင်​လေးက အစစအ ရာရာ အားလုံးလုပ်​ပေးတာမို့ အခုဆို ၅​ပေါင် တက်လာပါ၏။ အ​တော်​လေးကို ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်ကာ နာမည်နဲ့​တောင် လိုက်လာပါသည်။ ​ဆောင်းရာသီမို့ နှစ်​ယောက် လုံး အ​နွေးထည် ဂျာကင် ဝတ်ထားရ၏။ မန်း​လေး​ဆောင်းဆိုတာ သိတဲ့အတိုင်းပဲ​လေ ။

Always by your side (Completed)Donde viven las historias. Descúbrelo ahora