Uni
""မောင်မယ် သစ်လွင်ကြိုဆိုပွဲ
(12/2000)ဆေးတက္ကသိုလ် ၊ မန္တလေး ""မန်းလေးဆောင်းရာသီရဲ့ အေးစက်စက် ဒီဇင်ဘာလ ရဲ့ နောက်ဆုံးအပတ်မှာသူရတို့ fresher welcomeပါ။ ဒီဇင်ဘာလ 2000 မှာ ကျောင်းစတက်ရလို့ သူတို့ 12/ 2000 အတန်းပါ ။ ကျောင်းစတက်ရတော့ မပျော်ပါဘူး ။ ဒယ်ဒီက မန်းလေး ဆေးရုံကြီးဝန်ထမ်းအိမ်ယာမှာ နေရတာမို့ ကျောင်းနဲ့ အိမ်နဲ့က အနီးလေးပါ ။ ဒါပေမယ့်သူတို့သူငယ်ချင်း ၄ယောက် လုံး ဆေးကျောင်းတက်ရမို့ အပေါင်းအသင်းအသစ်တော့ ရှာစရာ မလိုတော့ပါ ။
"သူရ!! မင်းကို king ရွေးမယ်လို့ကြားတယ် "(အောင်အောင်)
"ပေါက်ပေါက်ရှာရှာတွေကွာ "(သူရ)
"တကယ်ပြောတာကွ
EC ပြောနေတာ သူရ လင်းထင်က မဲအများဆုံးပဲတဲ့ "(မြတ်ကျော်)မြတ်ကျော်က ကျောင်းတောင်စမတက်ရသေးဘူး တစ်တန်းလုံးနီးပါးနဲ့ အပေါင်းအသင်းဖြစ်နေ၏။ ပထမနှစ်ကလဲ ယောကျာ်းကော မိန်းကလေးကော ပေါင်းမှ ၂၀၀ ကျော်သာရှိ၏။ သူမသိစရာကိုမရှိပါ ။ သူက စပ်စုစိန်လေ ။
"လိုက်ရှာလိုက်ရတာ သူရရာ "(စိုင်း)
"ဘာတွေ လိုက်ရှာနေတာလဲ "(သူရ)
"မင်းက king တဲ့ သေချာနေပြီ "(စိုင်း)
"တော်စမ်းကွာ "(သူရ)
သူရ စိတ်မဝင်စားပါ ။ သူစိတ်ဝင်စားနေတာ ဒယ်ဒီအသစ် ဝယ်ပေးထားတဲ့ super cub ဆိုက်ကယ် ၁ယ လေးကို စီးပြီး အတန်းလစ်ရန်ဖြစ်သည်။ အချော အလှလေးတွေ ပေါတဲ့ မန်းလေးတက္ကသိုလ်ထဲ သွားဖို့သာ ပြင်နေ၏။
"အမ် !!!
စက်ဘီးချိန်း "ကျုံးဘေးမှာ ချိန်းတင်ပေးလိုက်တဲ့ အဖြူထည်လေးကို ကျောင်းထဲမှာ အမှတ်မထင် တွေ့လိုက်ရ၏။ ကချင်လွယ်အိပ် အနီရောင်လေး လွယ်ပြီး လက်ထဲမှာ စာအုပ်အထူ တစ်အုပ်ကိုင်ကာ စာကြည့်တိုက်ဘက်ခပ်သွပ်သွပ် လမ်းလျှောက်သွား၏။ ပုဆိုးအစိမ်းကွက်လေးနဲ့ ရှပ်လက်ရှည်ပေါ်မှာ ချည်ထိုးwaist coat လေးဝတ်ထားတဲ့ အဲ့အဖြူထည်ကို ကြည့်နေရင်း က အရမ်းအေးချမ်းရ၏။
ŞİMDİ OKUDUĞUN
Always by your side (Completed)
Romantizmတစ်ဘဝလုံးအတွက် မဟုတ်ဘဲနဲ့ ချစ်တယ်ဆိုတာကို ဘာလို့ပြောခဲ့တာလဲ # သူရလင်းထင် ငါ့ဘဝမှာ အချစ်ထက် ပညာက ပိုအရေးကြီးတယ် ပညာရှာချိန်မှာ အချစ်ကို မရှာ ချင်ဘူး #ပြည့်ဖြိုးမောင်