Uni
"စိုင်း !!!ငါ မဟုတ်ဘူးလို့ ပြောပြီးပြီလေ"
"မင်း မဟုတ်ရင် ဒီစကားတွေက ထွက်လာမှာ မဟုတ်ဘူး "
"တော်ပြီကွာ မပြောနဲ့တော့ဘူး"
"အေး
မင်းက စပြီး သစ္စာ မရှိတာနော် "သူနာပြုလေးနဲ့ မြတ်ကျော်သတင်းက နားနဲ့မဆံ့အောင်ကြားနေရသည်။ကလေးဘဝထဲကစိုင်းနဲ့ တွဲလာခဲ့တာမို့စိုင်းနှလုံးသားထဲဓါးနဲ့မွှန်းနေသလို ခံစားရ၏။ ဘာတွေက ဘာတွေ ဖြစ်နေမှန်းမသိ ။ အသက် ၁၅ နှစ်လောက်ထဲက သိပ်ချစ်ခဲ့ကြတာအခု အသက် ၃၀ ရောက်မှနောက်အသစ် တစ်ယောက်ပေါ်လာတယ်ဆိုတာကတော့ မခံစားနိုင်ပါ ။ ကျောင်းပြီးထဲက ယူထားတာ အခုဆို လင်မယားဖြစ်နေတာတောင် ၇နှစ်ကျော်နေပါပြီ။
"မင်း ဘယ်သွား မလို့လဲ "
"ငါ ဘယ်သွားသွား
မင်းလည်း အသစ်ရှိတာပဲ ""မင်းကို ငါမဟုတ်ဘူးလို့ ဘယ်နှစ်ခါ ပြောရမလဲ စိုင်း!!! "
မြတ်ကျော်ရှင်းပြလို့မရအောင်စိုင်းရဲ့ သောကတွကများနေ၏။ သူနာပြုကောင်လေးက သူ့အပေါ် တကယ်စိတ်ရောက်နေတာကိုသူလည်းသိပါ သ ည်။ အစတုန်းကတော့ သူလည်း စိတ်ယိုင် ခဲ့ပါသေး၏။ သူ့စိတ်သူ ပြန်ထိမ်းလိုက်နိုင်ခဲ့သည်။ သစ္စာဆိုတဲ့စကားကိုမြဲအောင် လုပ်နိုင်ခဲ့ပါသည်။ ဒါပေမယ့် သူ့စိတ်ကို ငယ်က တည်းက နေခဲ့တဲ့ စိုင်းသိသွားတာ မဆန်းပါ ။ စိုင်းက အဲ့ကိစ္စတွေကို အစအဆုံးသိထားပြီး အသာလေး ကြည့်နေခဲ့တာပါတဲ့။
"သူရရေ !!!
သူရ!!!
ဘဘ !!သူရ ရှိလား ""ရှိပါတယ် ဆရာ "
"ဟောင့် သူရ "
"လာ စိုင်း ဘာဖြစ်လာတာလဲကွ
မင်းလင်ကော မပါဘူးလား ""အဲ့ သတောင်းစားအကြောင်း မပြောနဲ့တော့"
မပြောနဲ့သာပြောတာဖြစ်ကြောင်းကုန်စင်ပြောပြနေတာက စိုင်းပါ ။ သူရတို့လည်း အဲ့သတင်းကိုအစအနကြားပြီးပါပြီ။ မြတ်ကျော်ကိုလည်း ငေါက်ပြီးပါပြီ။ အားလုံးပြီးသွားပြီထင်ခဲ့တာ။သူငယ် ချင်းတွေကွဲကွာကြတာကိုလည်းမလို လား ။ သူကိုယ်တိုင်ကလည်း ချစ်သူနဲ့ဝေးကွာနေတာမို့ စိုင်းစိတ်ပြေအောင်အရက် ချထားပေးလိုက်၏။ သောက်တာအများကြီးမို့ စိုင်းမှောက်သွားတာကြောင့် အောက်ထပ်ဧည့်သည်ခန်းထဲ စိုင်းကိုလွတ်လွတ်လပ်လပ်အိပ်စေလိုက် သည်။
KAMU SEDANG MEMBACA
Always by your side (Completed)
Romansaတစ်ဘဝလုံးအတွက် မဟုတ်ဘဲနဲ့ ချစ်တယ်ဆိုတာကို ဘာလို့ပြောခဲ့တာလဲ # သူရလင်းထင် ငါ့ဘဝမှာ အချစ်ထက် ပညာက ပိုအရေးကြီးတယ် ပညာရှာချိန်မှာ အချစ်ကို မရှာ ချင်ဘူး #ပြည့်ဖြိုးမောင်