Part 36 (Uni+Zawgyi)

1.3K 53 22
                                    

Uni

📩လွမ်းတယ်
ဖိုးသား

​မောင်သူရ ​လေး မပါဘဲ ရန်ကုန်လာရတာလဲ အ​တော်ပျင်းဖို့​ကောင်းပါသည်။ ​မောင်သူရကVIP တစ်​ယောက် OT ရှိလို့ ပိတ်ရက်မှာ ခွဲ​ပေးရမှာမို့ ရန်ကုန်ပါမလာပါ ။ သူကလည်း ရန်ကုန်ဆင်းရမည့်အပတ်မို့ မလာမဖြစ်လာရ၏။ ဖိုးသားက ​လေယာဥ်ကွင်းအထိ လိုက်ပို့​ပေးပြီး ပြန်သွား​တော့ အ​တော်​​လေး ​​နေလို့ ထိုင်လို့ မ​ကောင်းတာမို့ message ပို့​ပေးလိုက်၏။

"ဆရာဖြိုး ကြွပါဗျ
အိမ်သွားမလား
​ဆေးခန်း ပို့​ပေးရမလား "

"အိမ်အရင်သွားအုန်းမယ်"

​​လေဆိပ်မှာ ဦးစိန် လာကြိုတာမို့ အိမ်သွားလိုက်သည်။ ဝယ်ထားတဲ့ လက်​ဆောင်​တွေလည်း ဒယ်ဒီနဲ့တီကြီးကို ​ပေးချင်​သေးလို့ပါ ။ ဒီ​နေ့ စ​​နေ​နေ့မို့ တီကြီး​ကော ၊ ဒယ်ဒီ​ကော အိမ်မှာ ရှိမှာပါ ။

📲Buzz ​ယောကျာ်း ❤️

ဘယ်အချိန် ​ပြောင်းလိုက်မှန်းမသိ ဖိုးသားဆိုတဲ့ contact က​ယောကျာ်းဆိုတာကြီး ဖြစ်​နေတာ သူ့​ကောင်​လေး လက်ချက်ပါ ။သူ့ကောင်​လေးက အရမ်း ချစ်ဖို့​ကောင်းတဲ့အပြင် အဲ့လို suprise လုပ်​သေးတာမို့ပါ ။

​📞ရောက်ပြီလားသဲ

📞အင်း ကား​ပေါ်မှာ အိမ်သွား​နေတယ်

📞လွမ်းလို့

📞အတူတူပဲ ညမှ v call ​ခေါ်လိုက်မယ်​လေ

📞ချစ်တယ်​နော် သဲ

ခွဲခန်း မဝင် ခင် ဖုန်း​လေး ဆက်ကာ အားဖြည့်လိုက်၏ ။ ဦးစိန်ကား​ပေါ်မှာမို့ တီတီတာတာ ​ပြောသံမကြားရ​ပေမယ့် ကို​မောင့်အသံ​လေး ကြားရုံနဲ့အားပြည့်သွားတာက​တော့ ဖိုးသားပါ ။ ဒီ​နေ့ VIP လူနာတစ်​ယောက် lumbar spine (ခါး)ခွဲမှာမို့ ကြာမှာပါ ။သူ့ကိုယ်သူ အားဖြည့်တဲ့အ​နေနဲ့ ကို​မောင် အသံ​လေးကို moti ယူကာ အား​မွေးပြီး ခွဲခန်းထဲဝင်လိုက်၏။

"တီကြီး!!!
ဒယ်ဒီ!!!"

"သားလာ
ဘယ်လိုလည်း ပင်ပန်း​နေပြီလား "

"မပင်ပန်းပါဘူး တီကြီး "

"သားညီ​လေး မပါ​တော့ ရန်ဖြစ်​ဖော်မပါဘူး​ပေါ့ "

Always by your side (Completed)Where stories live. Discover now