Uni
📩သဲရေ
ယောကျာ်းရောက်ပြီ
ချစ်တယ်ဗျ📩ပိုချစ်တယ် ယောကျာ်း
📩ဟုတ် .... ည ရောက်ရင် ဖုန်းခေါ်မယ်
ဖိုးသား ခရီး ထွက်သွားတာ ဒီနေ့ နေ့လည် ၃နာရီလောက်မှသွားတာပါ ။ သူ့မှာ လွမ်းတာ မနေတတ်အောင်ပါ ။ ဖိုးသားမရှိဘဲ တပတ်လုံး ဘယ် လို နေရမလဲမသိ ။အခု message လေးရောက် လာတာမို့ သူမှာ အလွမ်းပြေသွားအောင် ထပ်ခါ ထပ်ခါ ဖတ်နေမိ၏။ ဖိုးသားမရှိတဲ့ နေ့မှ duty ကလည်း ညနေ ၅နာရီဆို ပြီးပြီတဲ့ ။ အခုတော့ OPD ကြည့်ပြီး ညနေက NA (လူနာ အသစ်) ရောက်လို့ ward round ပြီး FA တွေ ကို မှာစရာရှိတာများ မှာပြီး အလုပ်ဆင်းတော့မှာဖြစ် သည် ။
"ဒေါက်~~~ဒေါက်"
"လာ ဇွန်သူ "
"ငါနဲ့ date ရအောင် ကိုဖြိုး "
"ကောင်းသားပဲ
ငါလည်းဖိုးသားမရှိလို့
ပျင်းနေတာ "ဇွန်သူ တကယ့်ကိုရယ် ချင်သွား၏။ သူလင်လေးက ဇွန်သူ့ကို ဖုန်းဆက်ပြီး သူ့ကိုမောင်ကို အဖော်ပြုပေးဖို့ မှာခဲ့တာလို့ ပြောရင် မကောင်းရှိတော့မည်။ တကယ်လည်း လိုက်တဲ့ လင်လင်တွေ ။ မောင်သူရဆိုတာကလည်းလင်မျက်နှာ တကမ္ဘာပါ ။ ငဖြိုးကကော ဘာထူးလည်း လင်သွားတာ တစ်ညမအိပ်ရသေးဘူးလူကဂျုံးဂျုံးကျနေပြီလေ ။
"နင့်ကားနဲ့ လိုက်မယ်
ငါ ကားမပါဘူး ""အေး သွားမယ်လေ
ဘယ်သွားမလဲကိုဖြိုး ""ဘယ်ဖြစ်ဖြစ်ဟာ ငါ့ ကလေးကို လွမ်းနေလို့ "
"အေးပါဟယ် ပို ချက်
ငါလို အပျိုကြီး အတွက်လဲကြည့်ကြပါအုန်း ""အပျိုကြီးပဲလုပ်သယ်ရင်း
အရမ်း ပူလောင်ရတယ် ""အမလေး ငါလည်း ပူချင်တာ ပေါ့ဟ "
ပြည့်ဖြိုးမောင် လည်း ဇွန်သူနဲ့ ကျုံးဘေးက နို့ဟင်းမလှိုင် သွားစားလိုက်၏။ ဘေးမှာ ဖိုးသားမရှိတော့ နို့ဟင်းမလှိုင်တောင် မချိုတော့သလိုပါ ။သူလည်း အရမ်းတွေ လွမ်းနေတာမို့ ကျုံးဘေး နေဝင်ချိန်ကို ဓါတ်ပုံ ရိုက်ကာ ဖိုးသားဆီပို့လိုက် ၏။
YOU ARE READING
Always by your side (Completed)
Romanceတစ်ဘဝလုံးအတွက် မဟုတ်ဘဲနဲ့ ချစ်တယ်ဆိုတာကို ဘာလို့ပြောခဲ့တာလဲ # သူရလင်းထင် ငါ့ဘဝမှာ အချစ်ထက် ပညာက ပိုအရေးကြီးတယ် ပညာရှာချိန်မှာ အချစ်ကို မရှာ ချင်ဘူး #ပြည့်ဖြိုးမောင်