Part 16 (Uni+Zawgyi)

1.7K 66 18
                                    

Uni

"ဖိုးသား​ရေ ထ ​တော့
ဖိုးသား !!!"

​မန်း​လေးဒီဇင်ဘာဆောင်းက မထ ချင်​လောက် ဆွဲ​ဆောင်နေ၏။ ပိတ်ရက်​​လေးမို့ အိပ်​နေတာ ကို​မောင်ကအတင်း​တွေနိုး​နေ​တော့သည်။  ကို​မောင် သူရင်ခွင်ထဲက ထသွားထဲက သူက နိုး​နေပါပြီ ။ ဒါ​​ပေမယ့် မနက် ၆ နာရီ​လောက်ကြီးက​တော့မထချင်​သေးတာပါ ။

​"မောင်သူရ
​အေး မနိုးရင် ထားခဲ့မှာ​နော် "

ပြည့်ဖြိုး​မောင် စိတ်ဆိုးပြီ​လေ ။ စ​နေ​နေ့က ဖိုးသား ​မွေးရက်မို့ မန်း​လေး​တောင်တက်​နေကျ​လေ ။ ဒါကို ​မေ့​နေတာ​​လောက် စိတ်ဆိုးတာမရှိပါ ။ ဖိုးသားကို ညီ​လေး တစ်​ယောက်ထက် ပိုချစ်မိထဲက သူတစ်​ယောက်ထဲ ဖိုးသားကို ပိုင်ဆိုင်ချင်ရုံတင်မကပါဘူး ဘာ အန္တရာယ်မှ မရှိ​စေချင်တာပါ ။ သူ့ဘဝက အရာရာ ဖိုးသားအတွက်ပဲ အရင်ဆုံးဦးစား​ပေးပါ။

"ကို​မောင့်!! ​ကျ​နော်နေမ​ကောင်းဘူး"

"ဘာဖြစ်ပြန်တာလဲ "

"ဒီနားက ​အောင့်လို့ "

နှလုံး​နေရာကို လက်ညိုးထိုးပြတာမို့ပြည့်ဖြိုး​​မောင်လန့်ပြီး ​သွေး​ပေါင်ချိန်၊ ​အောက်ဆီဂျင်တိုင်း ပြီး pulse rate ကို တိုင်း​ပေးလိုက်​တော့​လည်း အားလုံးပုံမှန်ပါ ။

"အားလုံး normal ပဲ​လေ ဖိုးသားရယ်
ဘာဖြစ်တာလဲ ကို​မောင့်ကို ​သေချာ​ပြော"

တကယ်​တော့ သူရ ကိုမောင့်ကို စလိုက်တာ ပါ ။ ကို​မောင် မျက်နှာ ရုတ်တရက်ပျက်သွားပြီး သူ့အ​ပေါ်စိုးရိမ်သွားတာမို့ အရမ်း​ပျော်သွားပါ သည်။ house ဆင်း​နေတဲ့ ကို​မောင်က နားကျပ်​လေး တပ်ပြီး သူ့ကို စမ်းသပ်လိုက်တာ နဲ့ကို သူ့မှာ ရှိတဲ့ ​ရောဂါ​တွေ အကုန်သက်သာပါပြီ။

"ကို​မောင် ကကျ​နော့ရင်ခွင်ထဲက ရုတ်တရက် ထသွား​တော့ ဖြစ်တာ"

​"မောင်သူရ !!!!
လူကြီးကို စ စရာလား
​တော်ပြီ မင်းကို မချစ်​တော့ဘူး "

"အာာာ ကို​မောင် ချစ်လို့ စတာ​လေ
ဘာလို့လည်း "

"မစနဲ့ ငါမကြိုက်ဘူး
မင်းက အဲ့လို ဖြစ်တယ်ဆို ငါက အလိုလို ငိုချင်လာတာ "

Always by your side (Completed)Where stories live. Discover now