Part 22 (Uni+Zawgyi)

1.7K 76 14
                                    

Uni

​"ဒေါက်တာ ပြည့်ဖြိုး​မောင်ပါ
​တွေ့ရတာဝမ်းသာပါတယ် "

​"ဒေါက်တာသူရလင်းထင်ပါ"

Media ​တွေပြန်သွားချိန်မှာဆေးရုံအုပ်ဒေါက် တာအောင်လင်းက ​ဆေးရုံက အထူးကု ဆရာဝန်ကြီး​တွေနဲ့ ပြည့်ဖြိုး​​မောင်ကို မိတ်ဆက်​ပေး​နေ​တော့သည်။ပြည့်ဖြိုး​မောင်လည်းသူ့ကောင်​လေးနဲ့မိတ်ဆက်ချိန်မှာ ပြုံးပြီးကြည့်​နေ​ပေမယ့် ဖိုးသားက​တော့ လုံးဝကို မရယ်မပြုံးပါ ။ အ​​စောကလို တုန်လှုပ်​နေတာ မရှိ​တော့ဘဲ  အရမ်းကို ​အေး​ဆေးတည်ငြိမ်စွာ သူလှမ်း​ပေးတဲ့ လက်ကို လက်ဆွဲနှုတ်ဆက်လိုက်ပါ​သေးသည်။

"ကျ​​နော်မိတ်ဆက်​ပေးမယ် ဗျ
ဆရာသူရအ​ကြောင်း "(​​ဆေးရုံအုပ်)

"ဆရာသူရက နာမည်ကြီးကို
သိပါတယ်ဗျ
​ဒေါက်တာ ​ဒေါ်လင်းလင်းမြတ်တူ
​ဒေါက်တာ ဦးလင်းထင်သား
SMS က Phd ကပြီးထားတာ "(ကို​မောင်)

"ဆရာသူရ !!!ဆရာက နာမည်ကြီးပဲ US က အခုမှပြန်​ရောက်တဲ့သူ​တောင် ဆရာ့အ​ကြောင်းသိတယ် "(​ဆေးရုံအုပ်)

"ကျ​နော့်အ​ကြောင်း မသိတာ ရှိပါ​သေးတယ်
ကျ​နော့ ချစ်သူက လွန်ခဲ့တဲ့ ၉နှစ်က ဆုံးသွားပါပြီ "(သူရ)

သူရလည်း ကို​မောင့်မျက်နှာကို ​​​သေချာကြည့်ပြီး​ပြော​ပေးလိုက်၏။ အခြားသူ​တွေက​တော့ သူ့ကို နားမလည်စွာ ကြည့်​နေ​ပေမယ့် သူက​တော့ ပြတ် ပြတ်သားသား​ပြောပြလိုက်၏။ကို​မောင်က မျက် နှာပျက်ပြီးမျက်ရည်ဝိုင်းလာတာ​ကြောင့် မြတ်​ကျော်က သူ့ကို လာဆွဲကာ နှစ်သိမ့်​ပေး၏။

📞Hello ဒယ်ဒီ

📞ဒယ်ဒီသိပြီးပြီ
သားကိုဖြိုး အဲ့​ဆေးရုံကို ​ရောက်​နေတယ်ဆိုတာ

📞ဒယ်ဒီက ဘယ်လိုသိတာလဲ

အ​​ဆောင်ပြန်​ရောက်​ရောက်ခြင်းရေ​တောင်မချိုးနိုင်ပါ ။ ဒယ်ဒီဆီ ဖုန်းဆက်ကာ အ​ကြောင်းစုံ ​ပြောပြလိုက်သည်။ ဒယ်ဒီက အားလုံးကြိုသိ​နေတာမို့ သူ​တောင် အံသြမိ၏။ ပြီးမှကို​မောင်ကရန်ကုန်အိမ်မှာ ၁ပတ်​တောင် ​နေသွားပြီး သူ့အခန်းထဲမှာ အိပ်သွားတာပါတဲ့ ။ သူ့ကိုငှားတာက ရန်ကုန် GAIH အတွက်ပါတဲ့ ။ကို​မောင်ကမန်း​လေးမှာ သူရှိ​နေတာမို့ မန်း​လေးကို အတင်း​တောင်းတာဆိုတဲ့အ​ကြောင်းပါ ​ပြောပြ၏။

Always by your side (Completed)Donde viven las historias. Descúbrelo ahora