Uni
"ဟောင့် ဘယ်လဲ (မြတ်ကျော်)"
"ဆေးရုံထဲ (သူရ)"
"ဘာလုပ်တုန်း (အောင်အောင်)"
"ကိုမောင် အတွက် နေ့လည်စာ သွားပို့မလို့ "
စာမေးပွဲဖြေနေတဲ့ကိုမောင့်အတွက်ဒဏ္ဍာရီထမ င်းဆိုင်ကဝယ်ပြီး နေ့လည်စာ သွားပို့လိုက်၏။ ၂ပတ်နီးပါး test ဖြေနေရတဲ့ကိုမောင့်အတွက် လိုအပ်တာ မရှိအောင် လုပ်ပေးနေရသည်။ ကိုမောင်လည်းအရိုးသာ ကျန်တော့တာမို့ ထမင်း စားဖို့ကိုလျှော့ကျွေးနေရတာပါ။ exam stress သိပ်များတဲ့ ကိုမောင်က စာကလွဲပြီး အခြားဟာတွေ မလုပ်နိုင်အောင်ကို ဖြစ်နေ၏။ ဒီနေ့တော့ စာမေးပွဲ နောက်ဆုံးရက်မို့ ကိုမောင်လည်း ပျော်နေပါပြီ။
"သူရ "(နန်း)
"အေးပြော "(သူရ)
"ငါ့ကို anatomy (ခန္ဓာ ဗေဒ)စာအုပ်ငှားအုန်း
နင့်မှာ မူရင်းရှိတယ်ဆို "(နန်း)"ကိုမောင်စာအုပ် ဟငှားလို့မရဘူး "(သူရ)
Queen က anatomy စာအုပ်လာငှားနေ၏။ အတင်းတွေ ဇွတ်တွေ ပြောနေတာမို့ ကိုမောင့်နာမည်သုံးပြီးငြင်းလိုက် ၏။ တကယ်လည်း ကိုမောင်စာအုပ်ပါ ။ဒါပေမယ့် သူ့ကို လက်ဆောင် ပေးထားတာမို့ သူအရမ်းတန်ဖိုးထားရတဲ့ စာအုပ်လေးပါ ။ ကိုမောင် 2nd MB မှာ သူ့ဖေဖေနဲ့ မေမေ က လက်ဆောင် လှမ်းပို့လိုက်တာမို့ ကိုမောင့်မှာ နှစ်အုပ် ဖြစ်နေ၏။ ဒီနှစ် သူ 2nd MB စတက်ချိန်မှာ ကိုမောင်က သူ့လက်မှတ်ထိုးပြီး ပေးထားတာပါ ။ သူအရမ်းတန်ဖိုးထားသော လေးပါ။
"မင်းကလည်း ငှားလိုက်စမ်းပါ"(အောင်အောင်)
"မင်းငှားပေါ့ "(သူရ)
"ငါမှာတောင်မရှိလို့ မင်းဆီက copy ကူးနေရတာလေ လဒရဲ့"(အောင်အောင်)
"မင်းက queen ကိုကြိုက်နေတာလား
ငအောင်"(သူရ)"ကြိုက်တာပေါ့ကွ
Queen မကြိုက်တာ မင်းတစ်ယောက်ပဲရှိတယ် "( အောင်အောင်)"ဒီကောင်က queen မကြိုက်ဘူး
သူ့ကိုမောင်မှ ကိုမောင်ပဲ "(စိုင်း)
YOU ARE READING
Always by your side (Completed)
Romanceတစ်ဘဝလုံးအတွက် မဟုတ်ဘဲနဲ့ ချစ်တယ်ဆိုတာကို ဘာလို့ပြောခဲ့တာလဲ # သူရလင်းထင် ငါ့ဘဝမှာ အချစ်ထက် ပညာက ပိုအရေးကြီးတယ် ပညာရှာချိန်မှာ အချစ်ကို မရှာ ချင်ဘူး #ပြည့်ဖြိုးမောင်