Uni
"ဝါးးး!!! အရမ်း လှသွားပြီ"
"ကြိုက်လား ကိုမောင် "
နန်းရှေအိမ်အတွင်းပိုင်းကိုစိတ်ကြိုက်နှစ်ယောက်သား ပြင်ဆင်နေကြ၏။ နောက်၂ရက်ဆိုတိုက်တက်အခမ်းအနား လုပ်တော့မှာကိုမောင်တစ်ယောက်အ ရမ်း တက်ကြွနေသည်။ အပေါ်ထပ်မှာ ဘုရားခန်းနဲ့ သူတို့နှစ်ယောက်နေဖို့အခန်းအကျယ်တစ်ခန်းပါ၏။ ပြီးတော့ စာကြည့်ခန်းလေး တစ်ခန်းလည်းပါသည်။ အပေါ်ထပ်ကတော့ ကိုမောင့် စိတ်ကြိုက်ပြင်ထားတာ အားလုံး အဖြူရောင် ၊ ခုတင်ကနေ ပရိဘောဂ အားလုံး ဖြူဖွေးနေပြီး အဝတ်အစား လဲခန်းမှာတောင် ဗီဒိုတွေအားလုံးက အဖြူရောင်ပါ ။ သူ့အကြိုက် ကိုယ်လုံးပေါ်မှန်အကြီးတစ်ခုလည်းထပ်ထားသေး၏။အောက်ထပ်မှာတော့ဧည့်ခန်းကျယ် တစ်ခန်းနဲ့ ဒယ်ဒီနဲ့တီကြီး ၊ ဖွားဖွားတို့လာရင်နေဖို့ အိပ်ခန်း ၂ခန်း ၊ မီးဖို ခန်းနဲ့ ထမင်းစားခန်း ပါ ၏။ ကား၃ စီး ခန့်ဆန့်တဲ့ ကားဂိုထောင်အပြင် အိမ်ရှေ့ မြက်ခင်းနဲ့ ပန်းခြံတို့ပါသေး၏။ သူ့အိမ်အဟောင်းလေးတုန်းက ဒန်းစင်လေးကိုဆေး အသစ်ပြန်သုတ်ထားပြီးအိမ်ရှေ့မှာ ငယ်ဘဝအမှတ်တရ ထားထားပါသေးသည်။ ခြံတံခါး မှာလည်း အရင်အိမ်တုန်းကလိုစာတိုက်ပုံးလေး တပ်ထာ၏။ စာပို့တဲ့ခေတ်မဟုတ်ပေမယ့် ခြံတံခါးသော့ ထည့်ရန်ဖြစ်သည်။ တစ်အိမ်လုံးကတော့ လက်ဗွေနဲ့ ဖွင့်ရတဲ့တံခါးတွေ တပ်ထား၏။ အဲ့ဒါလည်း သူကြောင့်ပါ ။ သူက ကျောင်းတက်ထဲက သော့အရမ်းပျောက်တတ်တဲ့သူမို့ပါ ။ အပေါ်ဆုံး ထပ်မှာတော့ သူ့အကြိုက်ရေကူးကန်နဲ့ gym ခန်းရှိပါ၏။ခြံကသိပ်မကျယ်တော့ ရေကူးကန် ကို အပေါ်ထပ်မှာ ထည့်လိုက်တာ ။ သူက ရေကူးတာ အရမ်းကြိုက်တာမို့ သူ့အသဲက အကုန်အကျ ခံပြီး ထည့်ပေးလိုက်တာ ။ gym ကတော့ သိတဲ့အတိုင်းပဲ အူတိုတတ်တဲ့ကိုမောင်က gym သွားရင် ကောင်မလေးတွေ အတို အပြတ်တွေ ကြည့်မှာဆိုးလို့ သူကိုယ်တိုင်လိုလို လား လား ထည့်ပေး၏။
"ရေခဲသေတ္တာကြီးက ကြီးဘူးလား "
"မကြီးပါဘူး ကိုမောင့်အကြိုက်တွေ ချက်ကျွေးဖို့"
ŞİMDİ OKUDUĞUN
Always by your side (Completed)
Romantizmတစ်ဘဝလုံးအတွက် မဟုတ်ဘဲနဲ့ ချစ်တယ်ဆိုတာကို ဘာလို့ပြောခဲ့တာလဲ # သူရလင်းထင် ငါ့ဘဝမှာ အချစ်ထက် ပညာက ပိုအရေးကြီးတယ် ပညာရှာချိန်မှာ အချစ်ကို မရှာ ချင်ဘူး #ပြည့်ဖြိုးမောင်