Uni
"ဖိုးသား!!!
အာာ ဒီကလေး ဖျားနေပြီ "ဖိုးသား သူမရှိတုန်း ဘယ်လောက်တောင် ပေကပ်နေတယ်မသိ အခု ဖျားပြီလေ ။ မနေ့ကတော့ သူမဟုတ်သလို တိမ်ပင်လယ် သွားကြည့်တဲ့နေရာမှာအားကြိုးမာန်တက် ဆရာကြီးက သူ့ကိုအဝစားတာလေ။ဖျားခြင်းဖျားသူက ဖျားရမှာကိုမန်းလေးအိမ်ရောက်တော့လည်းအကောင်း ။ အခုမှ တစ်ကိုယ်လုံး ပူကျစ်ပြီး ဖျားတာမို့ ရေပတ် တိုက်ပေးထားရ၏။
"ဖိုးသားလေး ရလား
ထ ဆေးသောက်ရအောင် ကလေး ""မသောက်ချင်ပါဘူး "
"သောက်ရမယ်
လာ ovaltine လေးနဲ့ ဆေးသောက်ရမယ်လေ
မခါးအောင် တိုက်မှာပေါ့ ကိုမောင့်ကလေးလေးကို "ဖျားရင်ရစ်တတ်တဲ့ကလေး တစ်ယောက်ကို ချစ် သူတော်ထားရတာမို့ ချော့ပြီး ဆေးတိုက်ကာ သိပ်ထားရသည်။ အခုတော့ ဖျားနေတဲ့ကလေး က သူ့ရင်ခွင်ထဲမှာမို့ ခေါင်းလေးပွတ်ပေးနေရသည်။ အကိုက်အခဲပျောက်ဆေးနဲ့ပိုးသတ်ဆေး တိုက်ထားတာကြောင့် အိပ်နေတာ သိုးလို့ပါ ။ အခုတော့အဖျားနည်းနည်း ကျသွားတာမို့ မျက် နှာသစ်ကာ မနက်စာ ဝယ်လာဖို့ ဇွန်သူ့ကို အကူ အညီတောင်းရသည်။အပေါ်ထပ်မှာ ဖျားနေတဲ့ကလေး တစ်ယောက်ထဲထားပြီး အောက်ထပ် မှာ ချက်ပြုတ်နေရင်လည်း မဖြစ်တာမို့ ပါ ။
"လာ သယ်ရင်း "
"ဘာဖြစ်တာလဲသူရက "
"ငါ မရှိတုန်း အအိပ်အစားမမှန်တာ "
"ဟင်!!! နင်တို့ကလည်း ချစ်တတ်လိုက်ကြတာ "
"ငါတို့နှစ်ယောက် ကို MS ဆီ ခွင့်သွားတိုင်ပေး "
သူရလေးအတွက် ဖက်ထုတ်ပြုတ်လေးနွှေးကာ ယူလာလိုက်၏။ သူ့အတွက်က အောက်ထပ်မှာ ထမင်းကြော်နဲ့ ကြက် သားလုံးကြော်စားထားပါပြီ။ လူနာ စောင့်ရင်းစားဖို့ လ္ဘက်သုပ် နဲ့ ရေနွေးကြမ်း ယူလာကာအပေါ်ထပ်တက်လာပါတော့ သည်။
"ဟင် !!!
ဖိုးသားနိုးပြီ
ပြွတ်စ် !! သက်သာလား ကလေး ""ဟုတ် !ချွေးတွေ "
BINABASA MO ANG
Always by your side (Completed)
Romanceတစ်ဘဝလုံးအတွက် မဟုတ်ဘဲနဲ့ ချစ်တယ်ဆိုတာကို ဘာလို့ပြောခဲ့တာလဲ # သူရလင်းထင် ငါ့ဘဝမှာ အချစ်ထက် ပညာက ပိုအရေးကြီးတယ် ပညာရှာချိန်မှာ အချစ်ကို မရှာ ချင်ဘူး #ပြည့်ဖြိုးမောင်