Ch-1
ဖန်ရူ ကွယ်လွန်သွားပြီးမသေခင်မှာ စာအုပ်တစ်အုပ် မျက်လုံးရှေ့ပေါ်လာခဲ့သည်။ ၎င်းကိုဖတ်ပြီးနောက် လျိုရုံ က သူမ ပိုင်ဆိုင်သမျှကို လုယူသွားကြောင်း သူမ သိလိုက်ရသည်။
လျိုရုံ ၏ခင်ပွန်း ချီဟန် သည် သူမ၏ခင်ပွန်းဖြစ်သင့်ပြီး လျိုရုံ အောင်မြင်ခဲ့သည့်အရာသည် သူမ ၏ကိုယ်ပိုင်များဖြစ်သင့်သည်။
သူမသည် ကိုယ့်ကိုကိုယ် introverted ဟုတွေးခဲ့ပြီး ခရိုင်ကလူတွေကို နှိမ့်ချသည်ဟု ကောလဟာလတွေထွက်နေခဲ့သည်။ ချီဟန် ကို ကယ်တင်ခဲ့ပေမဲ့ တခြားသူက ထိုကယ်တင်ခဲ့သည့်ကျေးဇူးတရားဆိုသည့် ဉီးထုပ်ကို လုယက်ခံလိုက်ရသောကြောင့် သူမက ခံနိုင်ရည်မရှိသူတစ်ယောက် ဖြစ်လာခဲ့သည်။ နင်ယွီဟုန် ကို လက်ထပ်ဖို့ ကြံစည်ခံခဲ့ရသည်။ သူမဟာ အမြင့်တက်ချင်သူဟု ကောလဟာလတွေ ထွက်ပေါ်နေခဲ့တယ်။
ဒါတွေအားလုံးဟာ စာအုပ်ထဲဖော်ပြထားသည့် ဇာတ်လိုက်မင်းသမီး လျိုရုံ ရဲ့ တည်ရှိမှုကြောင့်ဖြစ်ပြီး၊ ဇာတ်ကြောင်းကို ကြိုပြီး ကျွမ်းကျင်တာကြောင့်၊ တောက်ပတဲ့ အနာဂတ်နဲ့ သာယာလှပတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ထားရမဲ့ မူရင်းဇာတ်လိုက်မင်းသမီးရဲ့ ဘဝဟာ စိတ်ဓာတ်ကျဖွယ် ကြေကွဲစရာဖွယ်
သနားစရာ ဖြစ်လာခဲ့တော့သည်။
ဤအရာအားလုံးကို သိသွားခဲ့သော ဖန်ရူ မှာ သည် နာကြည်းမှုများနှင့် ပြည့်နှက်နေပြီး သူမ၏ မျက်လုံးများသည် သွေးထွက်လုနီးပါး ဖြစ်နေသည်။
တံခါးအပြင်ဘက်တွင် ဆူညံပွက်လောရိုက်နေသော ခြေသံများနှင့်အတူ လှပတင့်တယ်သော အသွင်အပြင်နှင့် ပြေပြစ်သော အမူအယာရှိသော အမျိုးသားတစ်ဦး ဝင်လာသည်။ ၎င်းမှာ ဖန်ရူ၏ခင်ပွန်း နင်ယွီဟုန်ဖြစ်ပေသည်။
ဒီလူက ချောမောပြေပြစ်တယ်။ အခုတောင် သူ့မျက်နှာက မောပန်းနွမ်းနယ်နေပြီး နဖူးက ချွေးတချို့ စိမ့်ထွက်နေကာ ဆံပင် နည်းနည်း ရှုပ်နေပေမယ့် သန့်ရှင်းမှုကိုတော့ မဖုံးထားနိုင်ပါ။
ဖန်ရူ သည် နင်ယွီဟုန် ကို ကြည့်၍ သူတို့နှစ်ယောက်စလုံးသည် မလိုအပ်ဘဲ အိမ်ထောင်ပြုခဲ့ကြသော်လည်း လက်ထပ်ပြီးကတည်းက သူမ နင်ယွီဟုန် နှင့် ကောင်းမွန်သောဘဝဖြင့် နေထိုင်ချင်ခဲ့သည်။
YOU ARE READING
MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက် ပြန်လည်မွေးဖွားလာခြင်း။
RomanceThe Original Heroine of the 70's Cannon Fodder Book is Reborn အပိုင်းရှည်-80။