Ch-8.2
"တကယ်! မော့ရှင်း က မိန်းကလေးတွေအပေါ် ပုံမှန်ဆိုအေးစက်စက်စကားပြောတာလေ.. အရိုးသားဆုံးပြောရရင် သူ့ရဲ့ချောမောလွန်းတဲ့မျက်နှာသာမရှိရင် သူ့စရိုက်နဲ့ဆို သူ့ကိုဘယ်သူမှ တကယ်ကြိုက်ကြမှာမဟုတ်ဘူး !"
ဖန်ရူ က မော့ရှင်း ကို ကောင်းကောင်းမသိပေမယ့် မော့ရှင်း နဲ့အဆက်အဆံလုပ်ကြည့်သလောက် မော့ရှင်းသည် စကားအများကြီး မပြောပေမယ့်ဝေဟွမ် က ပြောသလောက် မကောင်းတာမျိုးတော့မဟုတ်ပါ။
ဖန်ရူက ဝေဟွမ်ဟာ နည်းနည်းချဲ့ကားပြောလွန်းသည်ဟု ခံစားလိုက်ရသည်။ အရင်က သူက မာနကြီးပြီး တခြားသူတွေကို နှိမ့်ချတယ်လို့ ပြောပေမယ့် သူက ဘယ်လိုလူစားမျိုးဖြစ်နိုင်သလဲ?
ဝေဟွမ် က ဆက်မပြောတော့ဘဲ ဖန်ရူ ရဲ့ လက်ထဲက တောင်းကို ကြည့်ကာ တံခါးနားက ပန်းတောင်းကို ကြည့်လိုက်သည်။ "ဒီပန်းတွေက ဘာလဲ?"
ဖန်ရူ က မျက်မှောင်ကြုံ့၍ "သွားပစ်လိုက်!"
နားမလည်နိုင်သော ဤအရာကို သူမလက်မခံချင်ပါ။ ဘယ်သူမှန်းမသိတဲ့လူက ပန်းတွေကို ခိုးကြောင်ခိုးဝှက်လာပို့တာလေ ။!
"ကောင်းပြီ!"ဝေဟွမ် ခေါင်းညိတ်လိုက်သည်။
အခန်းထဲတွင် နင်ယွီဟုန် က ကျောင်းရှန်ကိုကြည့်၍ မေးလိုက်သည်။ "ပန်းတွေ ပို့ပေးပြီးပြီလား?"
"ဖန်ရူက ပန်းတွေကို မယူဘဲ လွှင့်ပစ်လိုက်တယ် !"
နင်ယွီဟုန် ၏မျက်နှာသည် မည်းမှောင်သွားပြီး အချိန်အတော်ကြာပြီးနောက် သက်ပြင်းချ လာခဲ့သည်။ ယခု ဖန်ရူအနေနဲ့ သူ သည် သူစိမ်းတစ်ယောက်ဖြစ်သောကြောင့် အရင်ဘဝကလို တူညီနိုင်မည်မဟုတ်ပါ။
"ဘာရှိသေးလဲ?"
"ငါ ပြောတာ ရပ်လိုက်ပြီ .. !" ကျောင်းရှန် မှ နင်ယွီဟုန် ကိုကြည့်ကာ ခေါင်းယမ်းလိုက်သည်။
"ပြောပါ ငါ သည်းခံနိုင်တယ်!" နင်ယွီဟုန် သည် နဖူးကို ပွတ်သပ်ရင်း ခေါင်းအနည်းငယ် ကိုက်လာသည်။
"မော့ရှင်း ဖန်ရူ ကို ပန်းတွေပို့ပေးခဲ့တယ်!" ကျောင်းရှန် နင်ယွီဟုန် ကိုကြည့်၍ တိုးတိုးလေးပြောလိုက်သည်။ "ဖန်ရူ လက်ခံခဲ့တယ်!"
နင်ယွီဟုန် ၏လက် အေးခဲသွားသည်။ "မင်းဘယ်သူအကြောင်းပြောနေတာလဲ၊ မော့ရှင်း ၊ ဖန်ရူ ဆီကို ဘယ်လိုလုပ်ပန်းတွေ ပို့နိုင်မှာလဲ?"
သူ့အရင်ဘဝတုန်းက ဒီလူနှစ်ယောက် တွေ့ဆုံခြင်းမရှိသည်ကို သတိရမိသည်။ မော့ရှင်းက ဘယ်လိုဖြစ်ပြီး ဖန်ရူဆီကို ပန်းတွေပို့နေတာလဲ? ဘာကြောင့် ဖန်ရူကကော လက်ခံတာလဲ?
နင်ယွီဟုန် မှာ ရုတ်တရက် အရေးတကြီး ခံစားလိုက်ရသည် ။ ဖန်ရူ က သူ့အရင်ဘဝတုန်းကလိုပဲ သူ့ကိုလက်ထပ်မယ်လို့ အမြဲတွေးထားတာလေ... ။
သို့သော် ပြီးပြည့်စုံလုနီးပါးရှိတဲ့ မော့ရှင်းက သူ့ လမ်းမှာ ပေါ်လာလိမ့်မယ်လို့ သူဘယ်တုန်းကမှ မထင်ခဲ့ဘူး။
မော့ရှင်း က IQ အရမ်းမြင့်တယ်။ သူကျောင်းစတက်ကတည်းက ပေကျင်းမှာ နှစ်တိုင်းပထမရခဲ့ပြီး သူ့ရမှတ်က ဒုတိယအမှတ်နှင့်အတော်ကွာသည်။
သူသည် ငယ်စဉ်ကလေးဘဝကတည်းက အရည်အချင်းရှိပြီး ထူးချွန်သော စစ်ရေးလေ့ကျင့်မှုကို ရရှိခဲ့သည်။ သူသည် စစ်တပ်ထဲမ၀င်ခဲ့သော်ငြားလည်း စစ်သူရဲများ၏ ဘုရင်ကိုပင် အနိုင်ယူခဲ့သူဖြစ်သည်။
ထူးချွန်ထက်မြက်သော စွမ်းရည်၊ ချောမောသောမျက်နှာ၊ ဂုဏ်ယူစရာကောင်းသော မိသားစုနောက်ခံဖြင့် မော့ရှင်း သည် တစ်နေ့လုံး အေးစက်သောမျက်နှာထားဖြင့် ရပ်တည်နေသော်လည်း သူ့မျက်နှာသာရရှိရန် ရည်ရွယ်ချက်ရှိရှိ ပေါ်လာသည့် မိန်းကလေးများစွာလည်း ရှိနေသေးသည်။
ထိုသို့သောအမျိုးသားက ဖန်ရူကို ကြည့်လာခဲ့လျှင် ဖန်ရူတစ်ယောက် ငြင်းပယ်နိုင်ပေလိမ့်မလား သူ မသိပါ။
မော့ရှင်း နှင့် ဖန်ရူ အကြား အပြန်အလှန် တုံ့ပြန်မှုက နင်ယွီဟုန် ကို ကြောက်ရွံ့စေခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူ့အရှိန်အဟုန်ကို အရှိန်မြှင့်ရမည်။ မော့ရှင်း ရဲ့တည်ရှိမှုက သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာခဲ့သည်။
နောက်တစ်နေ့တွင် ဖန်ရူ ထွက်သွားသည်နှင့် နင်ဟွီဟုန် နဲ့ ဝင်တိုးမိသည်။ သူမ မျက်မှောင်ကြုတ်၍ တိတ်တိတ်လေး ကျိန်ဆဲမိတယ်။ ဘယ်လိုလုပ်ဖြစ်ပြီး သူနဲ့ဆုံရတာလဲဟ!
သာသာမှ။
Paid မှာ အပိုင်း 50 ထိ ရောက်နေပါပြီနော် ပြီးတော့မယ်နော်။
YOU ARE READING
MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက် ပြန်လည်မွေးဖွားလာခြင်း။
Lãng mạnThe Original Heroine of the 70's Cannon Fodder Book is Reborn အပိုင်းရှည်-80။