Ch-10.1

1.5K 217 3
                                    


Ch-10.1

ညနေ 7:30 ဝန်းကျင်တွင် လီရူယင် သည် ရွာမှ မိန်းကလေးအချို့ကို ခေါ်လာခဲ့တယ်။ ဖန်ရူ က မေးခွန်းများကို ဖတ်၍ မေးခွန်းအမျိုးအစားများကို အကျဉ်းချုပ်ကာ နမူနာအဖြစ် မေးခွန်းတစ်ခုကိုထုတ်နှုတ်ပြီး မေးခွန်းတွင်ပါ၀င်သည့် သက်ဆိုင်ရာ ဗဟုသုတအချက်များကို တစ်ခုပြီးတစ်ခု ရှင်းပြခဲ့တယ်။

သင်ကြားချက်အပြီးတွင် ဖန်ရူ သည် မိန်းကလေးအများအပြားကို အလားတူ မေးခွန်း၌ပါရှိသည်အကြောင်းအရာများကို ကိုယ်တိုင်ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

"အစ်မရှ င်းပြတာကိုနားထောင်ပြီးမှ ဒီမေးခွန်းကို ဘယ်လိုဖြေရမယ်ဆိုတာ တကယ်သိသွားတာ ညီမ အရင်က လုပ်နေတာကြာပြီ.. မသိသေးဘူး !" မျက်နှာဝိုင်းဝိုင်းနှင့် ကောင်မလေးက စိတ်လှုပ်ရှားစွာပြောလာသည်။

"ညီမကောပဲ အစ်မဖန်ရူက အရမ်းတော်တာပဲနော်.. ! ဒီမေးခွန်းတွေကို ကျောင်းမှာ ဆရာမက သင်ပေးခဲ့တာ နားထောင်တုန်းကတော့ နားလည်ပေမဲ့ လုပ်တဲ့အခါ မလုပ်နိုင်ဘူး သို့ပေမဲ့ အကျဉ်းချုံ့ပြီး ဒီနည်းနဲ့ ရှင်းပြလိုက်တော့ ဒီမေးခွန်းတွေက မခက်ခဲဘူးလို့ မြင်လာတယ် !"

"ညီမလည်း ဒီလိုပဲ ခံစားရတယ်!"

ဖန်ရူ က အပြုံးဖြင့် "ဒါတွေက မေးခွန်းအမျိုးအစားတွေလေ.. သက်ဆိုင်ရာ ဗဟုသုတတွေကို သေချာလေ့လာထားရင် မေးခွန်းတွေ ထပ်လုပ်ဖို့က သိပ်ခက်မှာ မဟုတ်ဘူး!"

" ငါတို့အရင်က သင်ယူဖူးပေမယ့် ဒီဗဟုသုတအချက်တွေကို တခါမှ မချိတ်ဆက်ဖူးဘူး။ နင် ပြောတဲ့ ဗဟုသုတတွေနဲ့ ချိတ်ဆက်ပြီး ဒီအကြောင်းအရာတွေကို ပြန်ကြည့်တော့ စိတ်ထဲမှာ ရှင်းသွားတယ် ပြောရလျှင် လျိုဟွား ရဲ့ အဆင့် နိမ့်တာ ငါသိတယ် ..အခုဘာလို့ တိုးတက်မှုမြန်ဆန်သလဲ ငါ သိလိုက်ပြီ !" လီရူယင် က သက်ပြင်းချလိုက်သည်။

"မှန်တယ် ညီမတို့ဆရာသာ အစ်မလိုရှင်းပြရင် သင်္ချာကြည့်တဲ့အခါ ညီမတို့ခေါင်းကိုက်နေရမှာမဟုတ်ဘူး"

ဖန်ရူ က စကားတစ်ခွန်းမှ မပြောပေ။ တကယ်တော့ သင်္ချာသင်ယူခြင်းဆိုတာ အကျဉ်းချုပ်ခြင်းထက် မပိုပါဘူး။ နောက်ထပ်မေးခွန်းတွေရှိသေးသည်။ ဗဟုသုတအချက်တွေကိုလည်း ကောင်းကောင်းစဉ်းစားမယ်ဆို မခက်ခဲပါ။

MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက်  ပြန်လည်မွေးဖွားလာခြင်း။Where stories live. Discover now