Ch-28

553 79 2
                                    


Ch-28

"ငါဘယ်လိုလုပ်သိမှာလဲ?" လျိုရုံ ဒေါသတကြီးပြန်ဖြေလိုက်သည်။ ဒီနေ့ ဘာကြောင့် ကံမကောင်းရတာလဲ? ဖန်ရူ နဲ့ မော့ရှင်း က သူ့အစီအစဥ်ကို ဖျက်သိမ်းခဲ့ပြီး ချီဟန် လို မိုက်မဲတဲ့လူနဲ့တောင်တွေ့နေသေးတယ်!

ချီဟန် က လျိုရုံ ကို လျစ်လျူရှု၍ ပြောလိုက်သည်။ "ဒီမြွေကို ကျုယဲ့ချင်းလို့ခေါ်တယ်.. သူ့ခန္ဓာကိုယ်ပေါ်က အစိမ်းရင့်ရောင်က အရမ်းလှတယ်လို့ မင်းမထင်ဘူးလား၊သို့ပေမဲ့ ဒီမြွေက အရမ်းအဆိပ်ပြင်းတယ် ... မျက်နှာ တစ်ချက်ကိုက်ရင် မင်းမျက်နှာ လုံးဝပျက်စီးသွားမှာ!"

ဆောင်းဦးညတွင် အပူချိန် အနည်းငယ်နိမ့်သည်။ လျိုရုံ ရေထဲတွင်ရပ်နေပြီး သူမ၏အဝတ်အစားများ ရေစိုနေသည်။ သူမ ‌အေးသောကြောင့် ... (သို့) ကြောက်လန့်နေသောကြောင့် ..လားမသိ သူမတစ်ကိုယ်လုံး တုန်နေသည်။

"ချီဟန် နင် .. ရူးရူးမိုက်မိုက် မလုပ်နဲ့။နင့်မှာ ပြောစရာရှိရင် ပြောလိုက် နင် .. သိချင်တာကို ငါပြောပြမယ်။ မင်းလက်ထဲမှာ မြွေကို နင် စောင့်ကြည့်ရမယ်!"

ယခုတိုက်ပွဲအပြီးတွင် လျိုရုံ သည် ရူးသွပ်မိုက်မဲသော ဤမြွေစိမ်း သူမ၏မျက်နှာကို ကိုက်လိုက်နိုင်သည်ဟု ခံစားနေရသည်။

သူ့မျက်နှာက မလှမပဖြစ်နေတ .. ဒီအဆိပ်ပြင်းတဲ့ မြွေကိုက်ခံရရင် မြွေအဆိပ်ကြောင့် လုံးလုံးပျက်စီးသွားလိမ့်မယ်။

ချီဟန် သိချင်တာ ဘာများလဲ? အိုကေ သူ့ကိုပြောပြလိုက်မယ်.. ဘယ်သူ ယုံမှာလဲ? သူက စာအုပ်ထဲက ဇာတ်ကောင်တစ်ယောက်လို့ ဘယ်သူက ယုံမှာလဲ?

ငါ့မျက်နှာထပ်ထိခိုက်လို့မဖြစ်ဘူး!

လျိုရုံ သည် ကြောက်လန့်နေသော်လည်း သူမ၏စိတ် အလွန်ငြိမ်သက်နေ၏။ သူမ အကျိုးနှင့်ဆုံးရှုံးမှုများကို အချိန်တိုအတွင်း ချိန်ဆ၍ အကောင်းမွန်ဆုံးသော လမ်းကြောင်းကို ရွေးချယ်လိုက်သည်။

ချီဟန် ပြုံးနေသည်။ လျိုရုံ သဘောတူတာ သူသိသည်။ သို့ပေမဲ့ သူ့စိတ်ထဲမှာ သိပ်အဆင်မပြေဘူး။ သူ့အရင်ဘဝတုန်းက သူ ဒီလိုမိန်းမတစ်ယောက်နဲ့ ကစားခဲ့ဖူးပြီး ကျောင်းကု တောင်မှ သူ့သားအရင်းမဟုတ်ဘူး!

MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက်  ပြန်လည်မွေးဖွားလာခြင်း။Where stories live. Discover now