Ch-22

1.4K 138 6
                                    


Ch-22

သို့သော် လျိုရုံ မှ သူ့ကို ဖန်ရူ ရအောင် ကူညီပေးမည်ဟု ပြောသောအခါ အလွန်အံ့သြသွားသည်။

သူ့အရင်ဘဝတုန်းက လျိုရုံက သူ ဖန်ရူ ကို လက်ထပ်ဖို့ ကြံစည်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ သူ သူမ(လျိုရုံ)အပေါ် ချစ်မိသွားပြီး ဖန်ရူ အတွက် ဘာခံစားချက်မှ မရှိဘူးဆိုတာ သူမ သိနေခဲ့လို့ဖြစ်တယ်။

အစတုန်းကတော့ လျိုရုံက ကြင်နာတတ်တယ်လို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒီမိန်းမ ဟန်ဆောင်နေတာပဲဆိုတာ သိခဲ့ရတယ်။

ထို့အပြင် သူ ဖန်ရူ အပေါ် သည်းမခံနိုင်သော သဘောထားနဲ့လက်ထပ်ခဲ့တာကြောင့် သူ ဖန်ရူ ကိုပင် မကြည့်ခဲ့ဘူး။

ဖန်ရူ ကွယ်လွန်ပြီးနောက် နောက်ဆုံးဘဝတွင် သူ နောက်အိမ်ထောင်မပြုခဲ့ဘူး။ လူတိုင်းက သူ လျိုရုံအတွက် လုပ်ပေးနေတယ်လို့ ထင်နေကြပေမယ့် လျိုရုံကတော့ ဖန်ရူကြောင့်ဆိုတာ သိနေခဲ့တယ်။

လျိုရုံသာ ပြန်လည်မွေးဖွားလာပါက ဖန်ရူ နဲ့အတူရှိအောင်လုပ်ပေးမယ်လို့ ပြောမှာမဟုတ်ဘူး။ သူမနှလုံးသားထဲမှာ သူမ က သူ့ကိုသဘောကျနေတာလေ!

သို့သော် လျိုရုံ သာ ပြန်လည်မွေးဖွားတာမျိုးမဟုတ်ဘူးဆို သူ့နောက်ခံအကြောင်း ဘယ်လိုလုပ်သိနေများလဲ? သူ့မိသားစုနောက်ခံကို သူ အပြင်မှာ တစ်ခါမှ မပြောဖူးဘူး။

တောင်ပေါ်သို့ ဆေးပင်တွေ စုဆောင်းဖို့ ရံဖန်ရံခါ သွားရင်တောင် ဒီကဏ္ဍကိုနည်းနည်းစိတ်ဝင်စားလို့ သင်ယူဖူးတယ်လို့ပဲ ပြောခဲ့ဖူးတာ။

"ငါ ဖန်ရူ ကြိုက်တာ မင်း သိတယ်လား? ဘယ်လိုလုပ်သိနေတာလဲ?" နင်ယွီဟုန် သည် လျိုရုံကို စိုက်ကြည့်နေသည်။

လျိုရုံက လက်ခုပ်တီး၍ မျက်မှောင်ကြုံ့သွားသည်။ — - နင်ယွီဟုန် ဘာလုပ်နေတာလဲဟ? သူ ဖန်ရူကို လိုက်ချင်နေတာလို့ အားလုံးက ပြောနေကြတာလေ .. သူ က သဘောတူရမဲ့အစား ဘာလို့ ဒီမေးခွန်းထုတ်နေတာလဲ?

"ညီမ ဘယ်လိုသိလဲဆိုတာကို စိတ်ပူဖို့မလိုဘူး ! ညီမမေးချင်တာက အစ်ကို ဖန်ရူကို လိုချင်နေတာမလား?"

MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက်  ပြန်လည်မွေးဖွားလာခြင်း။Where stories live. Discover now