Ch-19.2
လျိုရုံ အိမ်ပြန်ရောက်ပြီးနောက် ဆေးညွှန်းကို လေ့လာရန် စိတ်မ၀င်စားဘဲ လျိုဟွား၏ အခန်းသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။
"အစ်မ .. မော့ရှင်း အကြောင်း ပြောပြပါဦး!"
"မော့ရှင်း ? နင် ဘာလို့ သူ့အကြောင်းမေးတာလဲ?"
"အင်း ငါ ဒီနေ့ သူနဲ့တွေ့တော့ ငါနှလုံးသားခုန်နေလို့ .. အစ်မ ငါ သူ့ကို ကြိုက်တယ် !" လျိုရုံ သည် သူမ၏မျက်နှာပေါ်တွင် ရှက်ရွံ့မှုအရိပ်အယောင်ကို ပြသလိုက်သည်။
"သူ့အကြောင်း မတွေးနဲ့။ ဒီလူမှာ ပုံမှန်မဟုတ်တဲ့ နောက်ခံရှိနိုင်တယ်လို့ ငါတို့အဖေဆီက ကြားတယ်၊ ပြီးတော့ သူက ငါတို့လို မိသားစုလိုတက်နိုင်တဲ့သူ မဟုတ်ဘူး!" လျိုဟွားက သူ့ညီမကိုကြည့်၍ တားမြစ်လိုက်သည်။
"ဘာထူးခြားလို့လဲ?" လျိုဟွား ပြောတာကိုကြားတော့ လျိုရုံ က မော့ရှင်း ကို ပိုစိတ်ဝင်စားသွားသည်။
"အသေးစိတ်တော့ မသိဘူး။ သူ့မိသားစုက ခပ်ကြီးကြီးထဲကပဲ.. ဒါပေမဲ့ အသေးစိတ်ကို ဘယ်သူမှမသိဘူး။အားရုံ ငါ့ညီမ.. နင် ငါ့အကြံကိုနားထောင်နော်.. အဲလူက ငါတို့သွားစော်ကားလို့ရတဲ့လူမဟုတ်ဘူး!"
လျိုဟွား သည် ပြင်ပလူများ၏အမြင်တွင် ကျေးဇူးကန်းပြီး မျက်လုံးဖြူသောဝံပုလွေဖြစ်သော်လည်း သူ့ညီမကို အရမ်းချစ်ဆဲဖြစ်သည်။
သူမ ပြောသောစကားများသည် မသာယာသော်လည်း လျိုရုံအတွက် အမှန်တိုင်းပြောနေခြင်းဖြစ်သည်။
"သိပါပြီ..ငါ ဒီအတိုင်း မေးကြည့်တာပါ !"
ထုံးစံအတိုင်း လျိုရုံအတွက် သူမ၏ အတွေးများကို စွန့်လွှတ်ရန် မဖြစ်နိုင်ပေ။ မော့ရှင်း ကို တွေ့လိုက်ကတည်းက မော့ရှင်း သည် သူမ ဒီစာအုပ်ကိုဖြတ်လာရခြင်း၏အဓိပ္ပာယ်ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုက်တန်သည်ဖြစ်ဖြစ် မဖြစ်ဖြစ် လျိုရုံ ပြုံးနေခဲ့တယ်။
သူမတွင် တူညီသောအဆောင်ရှိ ယောက်ျားလေး ၄ ယောက်၏ စိတ်ခံစားချက်ကိုတပြိုင်နက် ဆော့ကစားနိုင်သော ဉာဏ်ရည်ဉာဏ်သွေးရှိသောကြောင့် မော့ရှင်း ကို မရနိုင်ဘူးဆိုတာ မယုံပေ။
YOU ARE READING
MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက် ပြန်လည်မွေးဖွားလာခြင်း။
RomanceThe Original Heroine of the 70's Cannon Fodder Book is Reborn အပိုင်းရှည်-80။