Ch-24
ချန်းဂျီ? ဖန်ရူ လည်း ဒီနေရာကို သိတယ်၊စျေးက အရမ်းဈေးကြီးပေမယ့် အရသာက အရမ်းအရသာရှိတယ်။ ပေကျင်းရှိ မရေမတွက်နိုင်သော လူများစု စုဝေးရာနေရာလည်းဖြစ်တယ်။ မော့ရှင်း ပေးခဲ့တဲ့ မုန့်ဘူးက ချန်းဂျီက မုန့်ဘူး ဖြစ်နေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
တစ်စုံတစ်ယောက်က သူမကို စိတ်ထဲခက်ခဲအောင်လုပ်နေတော့တာပဲ... သို့သော် သူမ၏နှလုံးသားထဲ၌ ကျေးဇူးတင်ရှိပြီး ချိုမြိန်သော အထိအတွေ့လည်းရှိနေခဲ့တယ်။ သို့သော် စိုးရိမ်မိသည်။ မော့ရှင်းက အရမ်းကြည့်ကောင်းပြီး သတိထားသူတစ်ယောက် .. ဘာလို့ သူမကို လာကြိုက်တာလဲ?
မော့ရှင်း ရဲ့အခန်းထဲတွင် .. ဝမ်ဟောင် က မော့ရှင်း ကို လှောင်ပြောင်နေသည်။ " ဟက်.. ချန်းဂျီရဲ့မုန့်.. ချန်းပေါင်ဟယ် ကိုယ်တိုင်လုပ်ထားတာတဲ့မုန့်လည်းဖြစ်နေပြန်တယ်.. မင်း ဖန်ရူကို ပေးခဲ့တယ်နော်.. မင်း အဲမိန်းကလေးကို မကြိုက်ဘူးလို့ ဘယ်လိုတောင်ပြောရဲရတာလဲ?"
ချန်းပေါင်ဟယ်က ဘယ်သူများလဲ? ချန်းဂျီကို တည်ထောင်သူဖြစ်သည်။ ဧကရာဇ်စားဖိုမှူး၏စားဖိုမှူးဖြစ်ခဲ့ဖူးကြောင်း ကြားသိခဲ့ဖူးသည်။ချန်းပေါင်ဟယ် သည် လွန်ခဲ့သည့်ငါးနှစ်ကတည်းက မုန့်လုပ်တော့မည်မဟုတ်ကြောင်း ကြေငြာခဲ့သည်။
မော့ရှင်း သည် အဘိုးကြီးမော့၏မျက်နှာကြောင့် ထိုမုန့်ဘူးကို ရရှိခဲ့တာဖြစ်ပြီး သူလည်း စားချင်နေခဲ့သည်။ သို့သော် မော့ရှင်း ဖန်ရူ ကို အားလုံးကို ပေးလိုက်တာ နှမြောဖို့ကောင်းလိုက်တာနော်..!
မော့ရှင်း က ချောင်းဟန့်၍ "ငါ သူ့ကို မကြိုက်ဘူးလို့ ဘယ်တုန်းက ပြောလို့လဲ?"
ဝမ်ဟောင် က သူ့ခေါင်းကို ကုတ်ရင်း ဂရုတစိုက် စဥ်းစားနေသည်။ သူ မပြောခဲ့ဘူးပေါ့? မဟုတ်ဘူး.. အစ်ကိုမော့ ဆိုလိုချင်တာက..
"အစ်ကိုမော့ရှင်း မင်း ဖန်ရူ ကို ကြိုက်နေတာကို ဝန်ခံလိုက်တာလား?"
မော့ရှင်း သည် ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ ဖန်ရူ၏အခန်းထဲရှိ မီးရောင်မှိန်ဖျော့ဖျော့ဖျော့ကို မြင်လိုက်ရသည်။ လောလောဆယ်တော့ သူမ ဘာတွေလုပ်နေလဲ သူ မသိဘူး!
![](https://img.wattpad.com/cover/350907127-288-k100389.jpg)
YOU ARE READING
MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက် ပြန်လည်မွေးဖွားလာခြင်း။
RomanceThe Original Heroine of the 70's Cannon Fodder Book is Reborn အပိုင်းရှည်-80။