Ch-16.
ရှားရှီမြို့မှ အမျိုးသမီးများသည် 'နှင်းဖြူမျက်နှာလိမ်းခရင်မ် ' အမည်ရှိမျက်နှာလိမ်းဆီတစ်မျိုးကို ဘယ်အချိန်က စတင်အသုံးပြုလာသည်မသိ။
သို့သော်လည်း ဤနှင်းခရင်မ်သည် ကောင်းမွန်သော်လည်း ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး ပူးပေါင်းအဖွဲ့မှ သတ်မှတ်ထားသော ထုတ်ကုန်မဟုတ်သောကြောင့် ၎င်းကို တိတ်တဆိတ်သာ ရောင်းချနိုင်ပေသည်။
ယနေ့ခေတ်တွင် ဖက်ရှင်ကျကျ ၀တ်ဆင်ထားသော မိန်းကလေး အနည်းငယ် သည် ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမ၏ တံခါးဝတွင် စောစီးစွာ စောင့်ဆိုင်းနေကြသည်။
"ဒီမှာ အဲဟာ ဝယ်ဖို့ ရောက်နေတာမလား?" " ကောင်မလေးတစ်ယောက်က နောက်တစ်ယောက်ကို မျက်လုံးတဖက်မှိတ်၍ ပြောလိုက်သည်။
"ဟုတ်တယ်.. ! ငါ့ဝမ်းကွဲက တစ်ပတ်လောက်ပဲသုံးတာ သူ့မျက်နှာက အစိုဓာတ်အရမ်းများလာတယ်.. သိသာတယ်ဟ . မသုံးချင်က သူ့မျက်နှာက ရဲတက်နေတာ .. ခရင်လိမ်းပြီးနောက် အဆီပြန်တာ မမြင်ရတော့ဘူး!"
"သူမ ခရင်မ်ကို သုံးကတည်းက မျက်နှာပေါ်က အသားအရေက သိသာစွာ တိုးတက်လာတယ်။ ဘာပဲဖြစ်ဖြစ် ဆောင်းဦးပေါက်ကတည်းက သူ့မျက်နှာပေါ်က အသားအရေ ဒီလိုမျိုးဖြစ်သွားတာ ကို တစ်ခါမှမမြင်မိခဲ့တာ ... ဒီနှင်းဖြူခရင်မ်ကို ရေရှည်သုံးရင် လူတွေကို ပိုကြည့်ကောင်းလာစေတယ်လို့ ကြားထားတယ်.. ဒီလောက်ကောင်းတာကို ဘယ်သူကမလိုချင်ပဲနေမှာလဲ?"
"ဟုတ် ဟုတ်တယ် ငါ့ညီမကလည်း ဝယ်ဖို့ အကြံပြုတယ်.. အဲထုတ်ကုန်က သုံးရတာ လွယ်တယ်လို့ အစ်မကြားတယ်။သူမလည်း ဝယ်သုံးတယ်လေ ကောင်းတယ်ထင်တော့ အစ်မကို အကြံပြုပေးတာ .. ဒီရာသီဉတု မှာ အသားအရည်ခြောက်တာနဲ့အဆီပြန်ကို ထိန်းထားပေးပြီး အစိုဓာတ်ထိန်းပေးနိုင်တယ် အစ်မရဲ့အသားအရည်နဲ့ သင့်တော်လောက်တယ် !"
နှင်းဖြူခရင်မ် ကို ချီးမွမ်းသည့် စကားဝိုင်းတွင် တန်းစီနေသော အခြားမိန်းကလေးလည်း ပါဝင်လာခဲ့သည်။
YOU ARE READING
MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက် ပြန်လည်မွေးဖွားလာခြင်း။
RomanceThe Original Heroine of the 70's Cannon Fodder Book is Reborn အပိုင်းရှည်-80။