Ch-13.2
ဝမ်အိုက်ဟွား ၏မင်္ဂလာပွဲအပြီးတွင် ဝေဟွမ် နှင့်ဖန်ရူသည် မိန်းကလေးအနည်းငယ်ကို ပညာတတ်လူငယ်နေရာသို့ ခေါ်ဆောင်လာခဲ့သည်။
ရှားရှီရွာမူလတန်းကျောင်းကိုဖြတ်လာသောအခါ ချီဟန် နှင့်လျိုရုံ ကို မထင်မှတ်ပဲ တွေ့လိုက်ရသည်။ သူတို့နှစ်ယောက် နှင့် ဝေးကွာနေတာကြောင့် လူတော်တော်များများက သူတို့နှစ်ယောက် စကားပြောနေတာကို မကြားကြပေ။လျိုရုံ ရဲ့ လုပ်ရပ်ကို ကြည့်ရသလောက် အလွန်စိတ်လှုပ်ရှားနေပုံပေါ်သည်။
ခဏအကြာတွင်လျိုရုံ သည် ခေါင်းလှည့်ကာ ထွက်သွားပြီး ချီဟန် ကလျိုရုံ ကို ကိုင်ထားရန် လှမ်းချင်သော်လည်း တွန်းဖယ်ခံလိုက်ရတယ်။!
ချီဟန် က လက်မလျှော့သေးဘူးထင်တယ် !
"ဟေး ... ချီဟန် က တကယ်ကို အရှုံးမပေးဘူးပဲ လျိုရုံ က သူ့ကို လုံးဝ ဂရုမစိုက်ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားတာကို နှောင့်ယှက်နေသေးတယ်!" ကောင်မလေးတစ်ယောက်က ပြောလာသည်။
"ဟေး၊ ချီဟန် အတွက် သနားစရာပဲ၊ သူ့ခြေထောက်တွေ မသန်စွမ်းခင်က သူက ငါတို့ရွာမှာ အိမ်ထောင်ဖက်ကောင်းတစ်ယောက်ဖြစ်ပြီး လျိုရုံ နဲ့ ဘာပြဿနာမှ မရှိခဲ့ဘူး .. ။ ကံမကောင်းလို့ ခြေထောက်တွေ ထော့ကျိုးသွားတာ သနားစရာပဲ။လျိုရုံကကော?"
"သူခြေထောက်ထော့နဲ့ဖြစ်နေတယ်လို့ မပြောနဲ့၊ ခြေထောက်မသန်မစွမ်းမဖြစ်ရင်တောင် လျိုရုံ က သူ့ကို မကြိုက်ဘူး။လျိုရုံ နင်ယွီဟုန် ရှေ့မှာ အကြိမ်အနည်းငယ် ဖြတ်သွားဖြတ်လာလုပ်တာမြင်မိတယ် .. နင်ယွီဟုန် က သူ့ကို သိပ်ဂရုမစိုက်ဘူး။ ချီဟန်က မဆိုးပါဘူး၊ ဒါပေမယ့် နင်ယွီဟုန် လို မြို့က ပညာတတ်လူငယ်တွေနဲ့ ယှဉ်ရင် ပိုဆိုးသေးတယ်!"
"ဒါအမှန်ပဲ! လျိုရုံ က အရမ်းရည်မှန်းချက်ကြီးတယ်၊ သူမ တကယ်ပဲ နင်ယွီဟုန် နဲ့ လက်တွဲချင်ခဲ့တာ။ မော့ရှင်း ကလွဲရင် နင်ယွီဟုန် က ဒီမှာ ရုပ်ရည်အကောင်းဆုံး ပညာတတ်လူငယ်ပဲ"
"လျိုရုံ အကြောင်း မပြောနဲ့၊ နင့် မှာ အခွင့်အရေးရှိရင် နင်ကော နင်ယွီဟုန် ကို လက်မထပ်ချင်ဘူးလား?" မိန်းကလေးတစ်ယောက်က ရယ်၍ပြောလိုက်သည်။
"ဒါအမှန်ပဲ! မော့ရှင်း အရမ်းအေးစက်လွန်းတာ နှမြောစရာပဲ သနားစရာပဲ၊ မဟုတ်ရင် ငါသူ့ကိုလက်ထပ်ချင်တယ်!"
" အိပ်မက်မက်နေလိုက် ! အိမ်မက်ထဲ မော့ရှင်းကို တွေ့နိုင်တယ်!"
"အိပ်မက်တစ်ခုပဲမဟုတ်လား?" မိန်းကလေးများစွာသည် ရယ်မော၍ ပညာတတ်လူငယ်နေရာဆီသို့ လျှောက်လာခဲ့ကြသည်။
ဖန်ရူ က နင်ယွီဟုန် လို့ ပြောတာကို ကြားတဲ့အခါ သူမရဲ့ မျက်နှာ ပြောင်းလဲသွားသည်။ သို့သော် တစ်ယောက်နဲ့တစ်ယောက် စနောက်နေကြသည်ကို ကြည့်ရင်း မတက်နိုင်ပဲ ပြုံးမိသည်။ ဒီရွာက ကောင်မလေးတွေက ချစ်စရာကောင်းလိုက်တာ။
လျိုရုံ သူ့ကို တွန်းထုတ်လိုက်ချိန် သူ၏ မျက်နှာမှာ အနည်းငယ် ပူပန်နေပြီး မိန်းကလေးများစွာ၏ ရယ်မောသံကို ကြားလိုက်သောအခါတွင် သူ၏ မျက်နှာသည် ပို၍ပင် ရုပ်ဆိုးလာသည်။ အခု ဒီမြင်ကွင်းကို မိန်းကလေးတွေ မြင်သွားကြပြီ။
ချီဟန် ခေါင်းမော့လိုက်သောအခါ ဖန်ရူကို မိန်းကလေးတွေ ဝိုင်းနေတာကြည့်ရင်း သူ့မျက်နှာ အေးခဲသွားသည်။ဖန်ရူနှင့်ပတ်သက်လို့ ချီဟန်၌ ရှုပ်ထွေးသောခံစားချက်များရှိနေခဲ့သည်။
တစ်ဖက်တွင်၊ ချီဟန် သည် သူ၏ယခင်ဘဝတွင် ဖန်ရူကို အထင်လွဲခြင်းအတွက် အပြစ်ရှိသည်ဟု ခံစားရသလို တစ်ဖက်တွင်မူ ဖန်ရူအပေါ် ရန်ငြိုးရှိနေသည် ။
ထိုနေ့တွင် ဖန်ရူက သူ့အပေါ် အနည်းငယ်စာနာပြီး သူ့ကိုကူညီခဲ့ပါက ယနေ့သူ၏အခြေအနေသို့ ကျဆင်းသွားလိမ့်မည်မဟုတ်ပေ။
လျိုရုံ ကို ဘယ်လောက်ပဲ လိုက်နေပါစေ၊ သူမက ဘာမှမထူးခြားခဲ့ပါဘူး၊ အစောနက သူမက နင်ယွီဟုန် ကို နှစ်သက်ကြောင်း ပြော၍ လိုက်မနှောက်ယှက်ဖို့ပြောလာခဲ့တယ် !
ချီဟန်မှာ ရှုံးနိမ့်သွားခဲ့ပြီးနောက် သူ့နှလုံးသားထဲတွင် ခံစားချက်များ ရောထွေးနေခဲ့သည်။
YOU ARE READING
MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက် ပြန်လည်မွေးဖွားလာခြင်း။
RomanceThe Original Heroine of the 70's Cannon Fodder Book is Reborn အပိုင်းရှည်-80။