Ch-15.2

1.2K 147 1
                                    


Ch-15.2

လီရူယင် ထိုင်၍ "ဖန်ရူ ငါ့ကို ရေတစ်ခွက်လောက်.. ! ငါ သကြားထပ်ထည့်ချင်တယ်၊ ထပ်ထည့်ချင်တယ် ! ငါ နင့်ကိုပြောပြမယ်.. ငါ ဒီတခေါက် အောင်မြင်မှုကြီးကြီးရလာခဲ့တယ် !"

"ကောင်းပြီ၊ ညီမ အစ်မအပေါ် သကြားရေ လောင်းပေးမယ် !" ဖန်ရူက အပြုံးဖြင့် "ပြော ..အစ်မ ဘာအောင်မြင်မှုရလာခဲ့လဲ? သကြားရေကိုယူခွင့်ပြုပါဉီး ...အကျိုးအကြောင်းမခိုင်လုံရင် သကြားရေမရဘူးနော်.."

"စိတ်မပူပါနဲ့၊ ငါ ဒီနေ့ နင့် !သကြားရေကို သောက်မှာသေချာတယ်!" လီရူယင် သည် ရေနှစ်ခွက်သောက်ပြီးနောက် အသက်ပြင်းပြင်းရူ၍ ပြောလိုက်သည်။ "နင် ငါ့ကိုပေးတဲ့ နှင်းဖြူခရင်မ် ကို ယူသွားခဲ့တယ်..."

" ငါ့အ‌ဒေါ် ကို ဒီမျက်နှာလိမ်းးခရင်မ် ရဲ့ ထိရောက်မှုအကြောင်း ပြောပြီး ငါ့အသားအရေက အရင်ကထက် ပိုကောင်းလာတာကို မြင်တော့ သူမက ပူးပေါင်းဖို့ စိတ်ဝင်စားလားလို့ မေးတယ်.."

ဖန်ရူ မှာ ထိုစကားကိုကြားသောအခါ လွန်ဝမ်းသာသွားသည်။ သူမ ရှေ့ကို ငုံ့၍ လီရူယင် ကို စိုက်ကြည့်ရင်း "ဘယ်လို ပူးပေါင်းရမလဲ?"

"ငါ့အဒေါ်ပြောတာက နင် ဒီပစ္စည်းတွေကို ကိုယ်တိုင်ရောင်းရင် စျေးကွက်ရှာရမလွယ်ဘူး၊ မလုံခြုံဘူးတဲ့။ သူမက ထောက်ပံ့ရေးနဲ့ မားကတ်တင်းသမဝါယမမှာ အလုပ်လုပ်တော့ သူ့နည်းသူ့ဟန်နဲ့သူရှိတယ်။"

"သူမက နင့်အတွက် ရောင်းပေးမယ်.. နင်က ဈေးနှုန်းတစ်ခုသတ်မှတ် .. သူ ကအဲဈေးအတိုင်းရောင်းမှာတော့မဟုတ်ဘူးနော်.. သူမ ဘယ်လောက်ရောင်းနိုင်သလဲဆိုတာ သူမရဲ့ ကိုယ်ပိုင်အရည်အချင်းပေါ်မှာမူတည်တယ်။နင်သတ်မှတ်ထားတဲ့ဈေးထက်ပိုရောင်းခဲ့လို့ရတဲ့ငွေက သူ့အပိုငွေပဲ .. နင် ဘယ်လိုထင်လဲ?"

ဖန်ရူ ခဏလောက်စဉ်းစားပြီး အကြံကောင်းတယ်လို့ ခံစားမိတဲ့အတွက် ချက်ချင်းခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ အစ်မရဲ့အ‌ဒေါ် ပြောတဲ့အတိုင်းလုပ်မယ်!"

လီရူယင် ၏အ‌ဒေါ် အဆိုပြုသော ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းသည် ကောင်းမွန်သလို စျေးကွက်ရှာဖွေရာတွင် အထောက်အကူဖြစ်စေရုံသာမက ဖန်ရူ၏ ဘေးကင်းမှုကိုလည်း အာမခံသည်။

လီရူယင် ၏အ‌ဒေါ် ကာဗာအဖြစ် လုပ်ဆောင်ခြင်းဖြင့် ဤအရာကို လျှို့ဝှက်စွာ ရောင်းချနိုင်ပြီး ရှာဖွေတွေ့ရှိနိုင်ခြေ နည်းပါးသည်။

လီရူယင် ပြောသည့်စကားဟာ ဖန်ရူအတွက် အလွန်ဝမ်းသာစရာဖြစ်တယ်။ဒါကလည်း လီရူယင် ကို ပထမဆုံး မျက်နှာလိမ်းခရင်မ် ပေးရတဲ့ ရည်ရွယ်ချက်လည်း ဖြစ်တယ်။

လီရူယင် က ဖန်ရူကို ရှင်းရှင်းလင်းလင်းပြောပြီးနောက် ပြန်သွားခဲ့သည်။

ဖန်ရူ သည် ဝေဟွမ် နှင့် သတင်းကောင်းကို ဝေမျှခဲ့ပြီး နှစ်ယောက်သားငွေစာရင်းချမှတ်ဖို့ အပြုံးများဖြင့် ပေါင်းစည်းခဲ့ကြတယ်။

နှင်းဖြူခရင်မ်တစ်ဗူးလျှင် 30 ဆင့်ကျသင့်တယ် ။ လူနှစ်ဦး၏ စွမ်းဆောင်ရည်ဖြင့် တစ်လလျှင် ယွမ် ၉၀ ရှိသော သေတ္တာ ၃၀၀ ခန့်ကို လုပ်နိုင်တယ်။ ကုန်ကျစရိတ်ထည့်မပါလျှင်တောင် တစ်လလျှင် ယွမ် ၇၀ ကျော် ဝင်ငွေရနိုင်တယ်။

'ဘုရားရေ ငါတို့ ရှားရှီ ရွာမှာ တစ်နှစ်ပတ်လုံး အရမ်းကြိုးစားရင်တောင် ယွမ် ၇၀ မရဘူး နင် နှင်းဖြူ ခရင်မ်ဗူးတွေ အများကြီးလုပ်ရုံနဲ့ ပိုက်ဆံအများကြီးရတယ်လား? "

ဒီငွေကရှာဖို့လွယ်လေသလား?

ဖန်ရူ ပြုံးလိုက်သည်။ ယခုက ဘာမှမဟုတ်သေးပါ။ နောက်ထပ်နှစ်အနည်းငယ်ကြာပြီးနောက်၊ အမျိုးသားရေးမူဝါဒကို ပြောင်းလဲခဲ့ပြီး ထို့နောက်တွင် အမှန်တကယ် ငွေရှာရမည့်အချိန်ကျရောက်လာပေလိမ့်မည်။

"အားရူ ငါ့ကို လိမ်နေတာလား? ငါ အိမ်မက်မက်နေတာများလား?" ဝေဟွမ် က သူ့လက်ကို ဆန့်လိုက်ပြီး ဖန်ရူ၏လက်မောင်းကို လှမ်းဆွဲလိုက်သည် ။ သူမ ဘာလို့ဒီလောက်မူးနေတာလဲ!


သာသာမှ။

ဒါလေး အစအဆုံးပြီးပါပြီ။ 

MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက်  ပြန်လည်မွေးဖွားလာခြင်း။Where stories live. Discover now