Ch-5
ဖန်ရူ ဒါကိုကြားသောအခါ တခဏ ထိတ်လန့်သွားသည်။ လီဖန် ဘာကိုပြောနေသလဲ သတိရလိုက်သည်။
သူမကိုလုပ်ကြံသည်မှာ လျိုရုံ ရဲ့ ညီအစ်မကောင်းဖြစ်သည်။ လျိုဟွား သည် နေရာတွင် မေးခွန်းများမေးပြီး အပြင်ကိုထုတ်ပြတက်သည်။
သို့သော် သူမဟာ တခြားသူတွေ သိမှာကို ကြောက်ပြီး ကိုယ်တိုင်အကြောင်းအရာကိုမဖန်တီးခဲ့ပဲ ဖန်ရူကို မာနကြီးပြီး လူတွေကို နိမ့်ချသည်ဟု စကားဖြန့်ခဲ့သည်။ထို့ကြောင့် ရှားရှီရွာမှာရှိတဲ့ ဒေသခံမိန်းကလေးတွေက ဖန်ရူကို သီးခြားခွဲထုတ်ခဲ့ကြသည်။
ဒါကိုတွေးပြီး ဖန်ရူ က အပြုံးဖြင့် "အပြင်ထွက်ပြီး ရှင်းပြဖို့ အချိန်ရောက်ပြီ !"
" သွားရမဲ့အချိန်ပဲ ! ငါ နင့်ကို ဘယ်နှစ်ခါပြောပြီးပြီလဲ? နင် ဘယ်တုန်းက နားထောင်လို့တုန်း " ဝေဟွမ် နှင့် ဖန်ရူ တို့ တစ်ချက်ကြည့်လိုက်သည်။
ဖန်ရူ ၏လက်ရာကောင်းပြီး ချက်ထားသော ငါးဟင်းချိုသည် မွှေးရနံ့များပြည့်နှက်နေကာ လက်ရှိ ပညာတတ်အမျိုးသမီးငယ်များမှာ မထိန်းနိုင်ပဲ တံထွေးမျိုချနေကြရသည်။
"ဒီငါးဟင်းက တကယ်အရသာရှိတယ်!"
"ဟုတ်တယ် ၊ ဖန်ရူ! နင် ရဲ့စွမ်းရည်တွေ ပြန်တိုးတက်နေပြီ!"
ဖန်ရူ ပြုံးမိသည်။ သူမ၏ယခင်ဘဝတွင် နင်ယွီဟုန် စိတ်ကျေနပ်စေရန်အတွက် နင်မိသားစုအိမ်တွင် ချက်ပြုတ်နေသော မစ္စချန်းဆီမှ သင်ယူခွင့်ပြုဖို့အထူးတောင်းဆိုခဲ့ရပြီး သူမ၏ကျွမ်းကျင်မှုအားလုံးကိုမသင်ယူမီ သုံးနှစ်ကြာလေ့လာခဲ့ရသည်။
မစ္စချန် သည် သာမန်နို့ထိန်းမဟုတ်ပါ။ သူမ၏ မိသားစုသည် စားသောက်ဆိုင်ဖွင့်ခဲ့ဖူးပြီး ထိုစားသောက်ဆိုင်သည် မြို့တော်တစ်ခုလုံးတွင် အလွန်ကျော်ကြားခဲ့ဖူးသည်။ မစ္စချန်း သည် အဖိုးဖြစ်သူဆီမှ အမွေရရှိခဲ့ပြီး အဖိုး၏ ဘဝအတတ်ပညာများကို လေ့လာခဲ့သည်။
ယခင်က နင်ယွီဟုန် အတွက် လုပ်ခဲ့သမျှကို တွေးရင်း... သူမ အလွန်တုံးအနေခဲ့တာပဲ! နှလုံးသားမရှိတဲ့သူအတွက် ဘယ်လောက်ပဲလုပ်လုပ် ငြီးငွေ့စေမှာပဲလေ!
YOU ARE READING
MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက် ပြန်လည်မွေးဖွားလာခြင်း။
RomanceThe Original Heroine of the 70's Cannon Fodder Book is Reborn အပိုင်းရှည်-80။