Ch-7.2

1.7K 239 1
                                    


Ch-7.2

ထိုမျက်လုံးများထဲ လက်မခံလိုသေးသောအရိပ်အယောင်ရှိနေသည် ။အဆုံးသတ်မှာ ဘာဖြစ်သွားခဲ့တာလဲ? ဤအချိန်နှင့်ယခင်ဘဝကြား ဘာလို့ဒီလောက်ကွဲခြားချက်ကြီးမားရတာလဲ?

ချီဟန် သည် သူ့ရှေ့မှ လှည့်၍ ထွက်သွားသော ဖန်ရူ ကို တွေးမိပြီး ဖန်ရူ သည် သူ့ယခင်ဘဝက ကယ်တင်ရှင်ဖြစ်ကြောင်း ပြောသည်ကို ပြန်သတိရကာ ရုတ်တရက် သံသယဝင်လာသည်။

ဒဏ်ရာက ကြာလွန်းတာကြောင့်လို့ ဆရာဝန်က ပြောခဲ့သည်။ အဲဒီအချိန်မှာ ဖန်ရူက သူ့ကို ကယ်ခဲ့မယ်ဆိုရင် သူ့ခြေထောက်တွေ ချိနဲ့နေဉီးမှာလား?

သို့သော် မည်သူကမှ အဖြေမပေးခဲ့ကြပေ။

ဖန်ရူ သည် ချီဟန်ရဲ့ အကြောင်း ဝေဟွမ် နှင့် စကားပြောနေသည်။ ဒေါက်တာရှန် သည် ချီဟန် ၏ ခြေထောက်များသည် သာမန်လူကဲ့သို့ လျှောက်လှမ်းရန် မဖြစ်နိုင်ကြောင်း ဝေဟွမ် က ပြောသောအခါ ဖန်ရူ မှာ ဝမ်းသာအားရဖြစ်နေခဲ့သည်။

လျိုရုံ က သူ့ ရဲ့ကယ်တင်ရှင် လို့ပြောခဲ့တာမလား? သူ စစ်တပ်ထဲဝင်သွားတာကို မြင်ပြီးနောက် လောဘကြီးပြီး အပေါ်ကိုတက်လှမ်းချင်ခဲ့တာကြောင့် ပြောလိုက်တာမဟုတ်ဘူးလား? အခုတော့ သူ့ခြေထောက်တွေ ချိနဲ့သွားပြီ.. ဒါဘယ်လိုလက်စားချေခြင်းမျိုးလဲ!

နှစ်ယောက်သား အချိန်အတော်ကြာ စကားစမြည်ပြောကြရင်း နောက်ကျမှ ရေချိုးပြီး အိပ်ယာဝင်ကြသည်။ ထိုအချိန်တွင် တံခါးမှ အသံထွက်လာခဲ့သည်။

အမှောင်ထဲတွင် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အရမ်းနောက်ကျနေပြီ ဘယ်သူက တံခါးလာခေါက်မှာလဲ?

"ဘယ်သူလဲ?" ဝေဟွမ် က ရဲဝံ့စွာအော်လိုက်သည်။

" ငါ ဖန်ရူ ကို လာရှာတာ ! ငါ မော့ရှင်း !"

"မော့ရှင်း?" "ဝေဟွမ် အနည်းငယ် အံ့သြသွားသည်။ ဖန်ရူ ကို သူဘာလို့ လာရှာတာလဲ။ဝေဟွမ် ဖန်ရူ ကို တစ်ချက်ကြည့်လိုက်သည်။

"ဒီနေ့မွန်းလွဲပိုင်းက တောင်ပေါ်မှာ မှိုသွားကောက်တုန်းက မြွေကိုက်ခံရတဲ့ မော့ရှင်း နဲ့တွေ့ခဲ့တယ်၊ သူ့ကို နည်းနည်းကူညီခဲ့တယ်" ဖန်ရူက အသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။

MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက်  ပြန်လည်မွေးဖွားလာခြင်း။Where stories live. Discover now