Ch-11.2
"ချီဟန် က လျိုအိမ်ကို လက်ထပ်ခွင့်တောင်းဖို့ သွားတယ် ? "ဖန်ရူ အံ့သြသွားသည်။ စာအုပ် ဖတ်ထားတဲ့ ထိုအမျိုးသမီးက ခြေထောက်ထော့နဲ့ဖြစ်နေသည့် ချီဟန် ကို တကယ်ကြိုက်တာများလား?
"ဟုတ်တယ်၊ ဒါပေမယ့် အဲဒါက အရေးမကြီးဘူး ! ချီဟန် သာ ခြေထောက်ထော့နဲ့ထော့နဲ့ဖြစ်မနေရင် လျိုရုံ နဲ့ ထိုက်တန်တယ်..ဒ ... သူက ရုပ်ရည်ချောမောပြီး အလုပ်လုပ်နိုင်တယ်လေ.. ချီဟန် နဲ့ လည်း ထိုက်တန်တယ်!"
"ဒါပေမယ့် အခု သူ့ခြေထောက် ထော့နဲ့နေတယ် . လျိုဂျန် က သဘောမတူဘူး!" ဝေဟွမ် မှန်းဆလိုက်သည်။
ဖန်ရူ ဘာမှပြန်မပြောပေ။ လျိုဂျန် ဖြေသည်ဖြစ်စေ မဖြေသည်ဖြစ်စေ သော့က လျိုရုံဆီမှာဖြစ်တယ်။
"မြန်မြန် .. သွားကြည့်ရအောင်!"ဖန်ရူက ဝေဟွမ် ကို တိုက်တွန်းလိုက်သည်။ လျိုရုံ က ဘာရွေးချယ်မလဲဆိုတာကို သူမ စောင့်နိုင်တော့ဘူး။
လျိုမိသားစုအိမ်သို့ရောက်သောအခါ။
လျိုမိသားစု၏ ခြံဝင်းထဲတွင် လျိုရုံ သည် အမေလျို၏ ရင်ခွင်ထဲဝင်၍ ငိုယိုနေသည်။ "အမေ သမီးနဲ့သူ ဘာမှ မဆိုင်ပါဘူး၊ မြန်မြန်မောင်းထုတ်ပေးပါ!"
ဒီချီဟန် က အဆင်ပြေပြီး လက်ထပ်ဖို့ လာကမ်းလှမ်းရင် သူမ ပျော်ရွှင်မိမှာဖြစ်သည်။
ယခုမူ ချီဟန် သည် ဒုက္ခိတတစ်ယောက်ဖြစ်ပြီး စာအုပ်ထဲကလို စစ်မြေပြင်ကို ပြေးလွှားကာ လေနှင့် တိမ်များကို စိုးမိုးထားနိုင်တော့မည်မဟုတ်ပေ။
သူ့ဘဝတစ်လျှောက်လုံး၊ သူသည် ရှားရှီ ရွာတွင် သာမန်လူတစ်ယောက်သာ ဖြစ်နိုင်တော့မည်ဖြစ်သည်။ ဒီလိုလူက သူမကို လက်ထပ်ချင်သတဲ့လား? အိမ်မက်မက်နေလိုက်!
အမေလျို က ချီဟန် ကို စူးစူးရဲရဲစိုက်ကြည့်၍ "မင်း ရှင်းရှင်းလင်းလင်းကြားလိုက်လား? ငါတို့ရဲ့ရုံအာ က မင်းနဲ့ဘာမှမဆိုင်ဘူး၊ ဒါကြောင့် မြန်မြန်ထွက်သွားစမ်း!"
"လျိုရုံ မင်းသဘောမတူရင် ကိစ္စမရှိပါဘူး၊ ငါမင်းကို မေးခွန်းတစ်ခုမေးချင်တယ်!" ချီဟန် တစ်ယောက် ရှုပ်ထွေးသော မျက်လုံးများဖြင့် အရင်ဘဝတုန်းက သူ့ဇနီးကို ကြည့်နေခဲ့သည်။
လက်ထပ်ဖို့ ကမ်းလှမ်းလာတဲ့အခါ အားရုံ၌ ဒီလိုသဘောထားရှိလိမ့်မယ်လို့ သူ မမျှော်လင့်ထားပါ။သူ့ခြေထောက်တွေကြောင့်လား?
ဒါပေမယ့် အရင်ဘဝတုန်းက တစ်ဖက်သတ်ချစ်နေခဲ့တာကြာပြီဟု ပြောခဲ့တာ အားလုံးက အတုလား?
လျိုရုံ သည် သူ့အမေ၏ ရင်ခွင်ထဲမှ ထွက်လာ၍ မျက်လုံးတွေကို ပွတ်သပ်ပြီးမေးလိုက်သည်။ "မေးပါ!"
"မေးပါရစေ၊ ဇွန်လ ၂၃ ရက်မှာ မင်း ဘာလို့ တောင်အနောက်ဘက်ကို မသွားတာလဲ"
ဒီနေ့ လက်ထပ်ခွင့်တောင်းရမ်းဖို့ရောက်လာသောအခါ လျိုရုံ ၏စိတ်သဘောထားသာ ရုတ်တရက်မပြောင်းလဲခဲ့ပါက သံသယဖြစ်နေမည်မဟုတ်ပေ။
လျိုရုံ သည် သူမ၏မျက်နှာပေါ်တွင် နားမလည်နိုင်သောအကြည့်ဖြင့် "ဇွန် 23 ရက်မှာ တစ်ခုခုဖြစ်ခဲ့လို့များလား? ကျွန်မ ဘာလို့ တောင်အနောက်ဘက်ကို သွားရမှာလဲ?"
"ဒါဆို ဟိုးအရင်က တောင်ပေါ်ကို သွားဖို့ စဉ်းစားဖူးလား။" ချီဟန် ထပ်မေးလိုက်သည်။
YOU ARE READING
MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက် ပြန်လည်မွေးဖွားလာခြင်း။
RomanceThe Original Heroine of the 70's Cannon Fodder Book is Reborn အပိုင်းရှည်-80။