Ch-9.1
ဖန်ရူ က နင်ယွီဟုန် ကို တစ်ချက်ကြည့်၍ ကြည့်နေသည်ကိုရပ်တန့်လိုက်သည်။ သူ့ကို မမုန်းတာတော့မဟုတ်ပါဘူး ။မပတ်သက်ချင်မိရုံတင်။
နင်ယွီဟုန် က သူမ ကြည့်နေသည်ကိုမြင်တော့ သူမ၏ ခေါင်းကို လှည့်ပြီး ရှေ့ကို လျှောက်သွားရင်း အရင်ဘဝက သူ အိမ်ပြန်ရောက်တိုင်း ဖန်ရူ က တံခါးမှာ စောင့်ပြီး ပြုံးပြီး နှုတ်ဆက်တာကို သတိရမိသည်။
'ဖြစ်ပြီး' နှင့် 'မဖြစ်ပြီး' နှိုင်းယှဉ်မှုသည် နင်ယွီဟုန် ကို ပို၍ပင် ခါးသီးစေခဲ့သည်။ သို့သော် သူ့ရည်ရွယ်ချက်ကို မှတ်မိနေသေးသည်။ ယခုအခါ ဖန်ရူ သည် သူ့ဇနီးမဟုတ်သေးသောကြောင့် ယခင်ဘဝနှင့်မတူဘဲ စတင်လုပ်ဆောင်ရပေလိမ့်မည်။
"ဖန်ရူ!" နင်ယွီဟုန် အော်ပြောလိုက်သည်။
ဖန်ရူ မှာ မရပ်တန့်ပဲ ရှေ့သို့ဆက်လျှောက်နေခဲ့သည်။
"ဖန်ရူ နေပါဉီး.. !" နင်ယွီဟုန် က ထပ်မံအော်ဟစ်ပြီး ဖန်ရူ အနောက်ကို လိုက်လာခဲ့သည်။
ဖန်ရူ က နင်ယွီဟုန် နဲ့ စကားမပြောချင်ပေမယ့် နင်ယွီဟုန် လိုက်နေတာမြင်တော့ ခြေလှမ်းတို့ကို ရပ်တန့်လိုက်သည်။ သို့သော် သူမသည် နင်ယွီဟုန် ကို အေးစက်စွာကြည့်၍ "ရဲဘော်နင် ကျွန်မကို ဘာလုပ်စေချင်လို့လဲ?"
ဖန်ရူ က သူ့ကို သူစိမ်းတစ်ယောက်လို ဆက်ဆံနေတာကိုကြည့်ရင်း သူ့ မျက်လုံးများ နာကျင်သွားသည်။ သူမ သည် နူးညံ့သိမ်မွေ့ပြီး စာနာတတ်သည့် ဇနီးတစ်ဦးဖြစ်ခဲ့ဖူးသော်လည်း သူသည် သူမအား မမြတ်နိုးခဲ့ပေ။
အခု သူ့ကို ရွေးချယ်စေချင်ပေမဲ့ ယခု ဖန်ရူ ရဲ့ မျက်လုံးထဲမှာတော့ သူက အရေးမပါတဲ့ သူစိမ်းတစ်ယောက်ပဲလေ။ ရဲဘော် တဲ့လား ? ဘယ်လိုတောင် ထူးဆန်းတဲ့ အခေါ်အဝေါ်လဲ?
နင်ယွီဟုန်သည် သူ့ရင်ထဲက နာကျင်မှုတွေကို မျိုသိပ်၍ ဖန်ရူ ကို အပြုံးဖြင့် "ဟုတ်သား မင်း ပန်းတမျိုးရှာနေတယ်လို့ ကိုယ်.. ကြားတယ် ကိုယ် ကူညီပေးနိုင်ပါတယ်.. အမှန်အတိုင်းပြောရရင် ကိုယ့်မိသားစုက ဒီအလုပ်လုပ်တယ်လေ ကိုယ် အဲဒီအရာတွေနဲ့ တော်တော် ရင်းနှီးတယ်!"
YOU ARE READING
MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက် ပြန်လည်မွေးဖွားလာခြင်း။
RomanceThe Original Heroine of the 70's Cannon Fodder Book is Reborn အပိုင်းရှည်-80။