Ch-29နောက်တစ်နေ့တွင် ဖန်ရူ ထွက်လာသည်နှင့် နင်ဟွီဟုန်ကိုတွေ့လိုက်သည်။ သူ၏မျက်လုံးများသည် ညိုမဲနေပြီး ပင်ပန်းနွမ်းနယ်နေပုံရသည်။
ဖန်ရူ ထွက်လာတာကိုမြင်တော့ သူ့မျက်လုံးတွေ တောက်ပလာပြီး ချက်ချင်းဆိုသလို မှောင်သွားပြန်သည်။ သူက ဖန်ရူ ရဲ့လက်ကို ဆုပ်ကိုင်ဖို့ ကြိုးစားပေမယ့် လေကိုသာဖမ်းမိသည်။
နင်ဟွီဟုန် သည် သူ့လက်ဗလာကိုကြည့်၍ ခါးခါးသီးသီး ပြုံးမိသည်။ မော့ရှင်းနှင့်ဖန်ရူ အကြား ခြားနားချက်ကို သတိပြုမိထားပြီးဖြစ်သော်လည်း၊သူတို့နှစ်ဦး ဆက်ဆံရေးမထူထောင်သေးသရွေ့ သူ့အတွက် အခွင့်အရေးရှိသေးသည်။
သို့သော် လျိုရုံ၏ကောလဟာလကြောင့် မော့ရှင်း ထိုကဲ့သို့သော သတင်းကို တကယ်ထုတ်ပြန်လိမ့်မည်ဟု ဘယ်သူထင်ထားမှာလဲ? နင်ဟွီဟုန်သည် သတင်းကိုကြားသောအခါ သူ့ခေါင်းတစ်ခုလုံး ပေါက်ကွဲသွားသလို ခံစားလိုက်ရတော့သည်။
သူသည် မနေ့ညက တစ်ညလုံး အိပ်၍ သူ့အတိတ်ဘဝနှင့်ဤဘဝအကြောင်းကို ထပ်ခါတလဲလဲ တွေးနေခဲ့သည်။ ဖန်ရူနှင့်မော့ရှင်း ဘယ်လိုလုပ်အတူတူရှိနိုင်မှာလဲ? သူ့မိန်းမက ဘယ်လိုလုပ် အခြားသူနဲ့အတူတူရှိနိုင်မှာလဲ?
"ဖန်ရူ၊မင်း နဲ့မော့ရှင်းက တကယ်ပဲလား?" နင်ဟွီဟုန် မျက်လုံးမှိတ်ကာ ဝန်မခံချင်သော မေးခွန်းကို မေးလိုက်သည်။
ဖန်ရူ သည် မနေ့ညက မော့ရှင်း၏ထုတ်ပြချက်ကို သတိရသွားသည်။ "ကျွန်မတို့ ချိန်းတွေ့နေကြတယ်!"
နင်ဟွီဟုန် မှာ ရုတ်တရက် ခေါင်းမော့လာပြီး သူ့မျက်လုံးတွေထဲ ဒေါသတွေ ပြည့်နှက်လာသည်။ "မင်းဘယ်လိုဖြစ်ပြီး သူနဲ့အတူရှိနိုင်ရတာလဲ? သူက ဘာကောင်းလို့လဲ?"
ဖန်ရူ နင်ဟွီဟုန်ရဲ့ သဘောထားက နားမလည်နိုင်တော့ပါ။ သူမနဲ့မော့ရှင်း အတူရှိတာ သူနဲ့ဘာဆိုင်လို့လဲ?
နင်ဟွီဟုန်၏' မော့ရှင်း က ဘာကောင်းလို့လဲ?'ဟု မေးတာကြားတော့ ဖန်ရူ ရယ်ထုတ်လုနီးပါးဖြစ်သွားတယ်။ဘယ်လောက်ပဲဆိုးဆိုး နင်ဟွီဟုန်ထက်တော့ ပိုကောင်းတယ်။
YOU ARE READING
MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက် ပြန်လည်မွေးဖွားလာခြင်း။
Lãng mạnThe Original Heroine of the 70's Cannon Fodder Book is Reborn အပိုင်းရှည်-80။