Ch-30

665 72 2
                                    



Ch-30

ရှန်းကျန်းဟိုင် သည် ဆံပင်ဖြူနေပြီဖြစ်သော်လည်း သူ့မျက်နှာထက် အပြုံးတို့ရှိနေသည်။ ဒါက ဖန်ရူ မြင်ယောင်ထားသည်နှင့်မတူပါ။

ရှန်းကျန်းဟိုင်ကိုမြင်လိုက်ရတော့ ဖန်ရူ သည် အရင်ဘဝတုန်းက နင်ဟွီဟုန် သူ့ကို ဘာလို့ ပိုလေးစားနေခဲ့သလဲ နားလည်သဘောပေါက်သွားသည်။

ဒုက္ခကိုရင်ဆိုင်ရတိုင်း အကောင်းမြင်ပြီး အကောင်းမြင်သဘောထားကို ဆက်လက်ထိန်းသိမ်းထားနိုင်သည့်သူသည် လူတိုင်း၏လေးစားမှုကို ခံထိုက်သည်။

ရုတ်တရက်၊ရှန်းကျန်းဟိုင်သည် မျက်မှောင်ကြုတ်၍ ပါးစပ်ကိုပိတ်ကာ အကြိမ်အနည်းငယ် ချောင်းဆိုးသည်။ နောက်ဆုံးတွင် လျှောက်လှမ်းနေသည်မှရပ်သွားကာ ပိုမိုပြင်းထန်သော ချောင်းဆိုးသံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။

အခုလိုဖြစ်နေသည်ကိုကြည့်ရင်း သူနဲ့စကားပြောဖို့လုပ်ထားသော ဖန်ရူမှာ ရှန်းကျန်းဟိုင်က အရမ်းခုခံပြီး နောက်ပြန်လှည့်သွားမှာကိုစိုးမိသည်။

သူမ စဥ်းစား၍ "ကျွန်မ ရွာဆေးခန်းသွားချင်တယ်" ဟု မော့ရှင်း ကို ပြောလိုက်တယ်။

"နေမကောင်းဘူးလား?" မော့ရှင်း ဖန်ရူ ကို အပေါ်အောက် ငုံ့ကြည့်သော်လည်း သူမ တစ်ခုခုဖစ်တာမျိုးမတွေ့ရပေ။

"ကျွန်မအတွက်မဟုတ်ဘူး လူကြီးတစ်ယောက် အခုလိုဖြစ်တာမြင်ရတော့ မသက်မသာခံစားရလို့! ဆေးသွားဝယ်ပြီး တိတ်တိတ်လေးပေးလိုက်ချင်လို့!"

"မသွားနဲ့ ကိုယ်သွားလိုက်မယ်...!"

ဖန်ရူ ခဏလောက်စဥ်းစား၍ ပြောလိုက်သည်။ "ကောင်းပြီ!"

မော့ရှင်း က ကျန်းမာရေးဌာနကို တိုက်ရိုက်မသွားဘဲ နင်ဟွီဟုန်ဆီကို သွားခဲ့သည်- " ချောင်းဆိုးရင် သောက်ဖို့ ဆေးစာပေးပါ.."

"ချောင်းဆိုးနေလို့လား?" နင်ဟွီဟုန်သည် မော့ရှင်း၏မျက်နှာကို ဂရုတစိုက် စိုက်ကြည့်သည်။ မော့ရှင်း က ကျန်းမာရေးကောင်းတယ်။ "ဖန်ရူ နေမကောင်းဘူးလား။"

You've reached the end of published parts.

⏰ Last updated: Aug 23 ⏰

Add this story to your Library to get notified about new parts!

MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက်  ပြန်လည်မွေးဖွားလာခြင်း။Where stories live. Discover now