Ch-25
မုန်းလား? ဖန်ရူ က မော့ရှင်း ကို ကြည့်၍ ခေါင်းငုံ့လိုက်ပြန်သည်။ ခဏအကြာတွင် သူမ ခေါင်းယမ်းလိုက်သည်။ "မမုန်းပါဘူး!"
"ဒါဆို မင်းကို ငါ့အကူအညီကို မငြင်းနဲ့။ မင်း ရှက်နေရင် ငါ့ရဲ့ကျေးဇူးဆပ်မှုအဖြစ် မှတ်ယူနိုင်တယ်!"
"ဒါက မတူဘူး!" ဖန်ရူ တိုးတိုးလေးပြောလိုက်သည်။
"ဘာကွာလဲ ငါ၊မင်းဆီက ဘာမှမဖုံးကွယ်ထားဘူး .. ငါ့မိသားစုက ဆေးပညာနဲ့ပတ်သက်တာ တစ်ခုခုလုပ်တယ်လေ.. မင်းလိုချင်တဲ့ စာအုပ်ကို ရှာလို့ရတယ်။ မင်း တကယ် ငြင်းချင်တာလား?။" မော့ရှင်း နက်မှောင်သော မျက်လုံးများဖြင့်စိုက်ကြည့်၍ မေးလိုက်သည်။
ဖန်ရူ တုံ့ဆိုင်းသွားသည်။ ဒီစာအုပ်တွေကို မလိုချင်ဘူး!
"အများကြီးမတွေးနဲ့ ငါဝန်ခံခဲ့တယ်၊ဒါပေမယ့် မင်းမှာလည်း ငြင်းပိုင်ခွင့်ရှိတယ်လေ..၊အဲဒါတွေကြောင့်မဟုတ်ရင်တောင် မင်း လိုအပ်ရင် ငါကူညီပေးမယ်"
ထို့ထက်၊၎င်းသည် ယာယီပယ်ချခြင်းမျှသာဖြစ်ပြီး အမြဲတမ်းငြင်းပယ်ခြင်းမဟုတ်ပါ။ သူ ထိုမိန်းကလေးကိုချစ်မိသွားပြီဖြစ်လို့ ဘယ်လိုလုပ် နောက်ဆုတ်ခွင့်ပြုနိုင်မှာလဲ?
နောက်ဆုံးတွင် ဖန်ရူ သည် ခေါင်းညိတ်သဘောတူခဲ့သည်။ သူမ ထိုစာအုပ်များကို အမှန်တကယ် လိုအပ်နေသောကြောင့်ဖြစ်သည်။
ဖန်ရူ ခေါင်းညိတ်ပြတာကို မြင်တော့ မော့ရှင်း ပြုံးနေခဲ့သည်။
သူတို့လေးယောက်က ခရိုင်ကားဂိတ်မှာ လမ်းခွဲခဲ့ကြသည်။ မော့ရှင်း နဲ့ ဝမ်ဟောင်တို့ ခရိုင်ထဲ လုပ်စရာရှိနေကြသည်။
"ဖန်ရူ!" မော့ရှင်း ရုတ်တရက်ထွက်သွားသော ဖန်ရူ ကိုခေါ်လိုက်သည်။
"အခြားတစ်ခုခုရှိလား?" ဖန်ရူ ခေတ္တရပ်ပြီး မော့ရှင်း ကို ကြည့်လိုက်သည်။
"ခရိုင်က အစိုးရစားသောက်ဆိုင်မှာ နေ့လည်စာအတူတူစားရအောင်! ဒါဆို ငါတို့ နေ့လည် အတူတူ ပြန်လို့ရပြီ!"
ဖန်ရူ က သူ့ပခုံးကို လက်ညှိုးနဲ့ထိုးနေတဲ့ ဝေဟွမ် ကိုကြည့်၍ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ!"
YOU ARE READING
MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက် ပြန်လည်မွေးဖွားလာခြင်း။
RomanceThe Original Heroine of the 70's Cannon Fodder Book is Reborn အပိုင်းရှည်-80။