Ch-12.2
သူ့နှုတ်ခမ်းတွေ လှုပ်သွားပေမယ့် သူ့အရင်ဘဝက ချီဟန် သေဆုံးပြီးနောက်မှာ ဖြစ်ပျက်ခဲ့တာကို သူ မပြောခဲ့ပေ။
ချီဟန် က အဲဒါကို တွေးနေသော်လည်း သူ့အရင်ဘဝရဲ့ ဂုဏ်သိက္ခာကို ပြန်ရဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး! လျိုရုံ က သူ့ရဲ့ လက်ထပ်ခွင့် ကမ်းလှမ်းချက်ကိုတောင် ပယ်ချခဲ့တယ်။ ချီဟန် မှာ သူ ဘာအတွက် ပြန်မွေးလာမှန်းမသိတော့ဘူး။
ချီဟန် က ကောင်းကောင်းမလုပ်နိုင်ပေမယ့် ဖန်ရူရဲ့ဘဝက ကောင်းမွန်နေတယ်! အစားထိုးပစ္စည်းများကို ရရှိပြီးနောက် အချောထည်တစ်ခုကို အမြန်ဖန်တီးခဲ့ပြီး ၎င်းကို နှင်းဖြူခရင် ဟုခေါ်သည်။
ဤနှင်းခရင်မ်သည် မူလဖော်မြူလာကဲ့သို့ ထိရောက်မှုမရှိပါ။ အစိုဓာတ်ထိန်းပေးပြီး ဖြူဝင်းစေသော အာနိသင်ရှိသော်လည်း တင်းတိပ်များကို ဖယ်ရှားပေးသည့် အာနိသင်မရှိပါ။ အသားဖြူခြင်းရဲ့ အာနိသင်ဆို အဝေးကြီးမှာရှိသည်။
သို့သော်ငြားလည်း နှင်းခရင်မ်ကို စမ်းသုံးကြည့်သော ဝေဟွမ် သည် အံ့အားသင့်နေဆဲပင်။ ဘာကြောင့်လဲ ဆိုတော့ တစ်လခွဲလောက်အစမ်းလိမ်းကြည့်ပြီးနောက်တချို့လူတွေက သူမဟာ အသားဖြူလာတယ်လို့ ဆိုကြသည်။
"နင် ဘာသုံးတာလဲ? နင့်အသားအရေ ဘာလို့ ဖြူလာတာလဲ?" ဝမ်အိုက်ဟွား က မေးလာသည်။
ဝေဟွမ် ကဲ့သို့ပင် ဝမ်အိုက်ဟွားတွင် မည်းမှောင်သော အသားအရေရှိသည်။ ဒီနှစ်ထဲ လက်ထပ်မှာဖြစ်ပြီး တစ်လအတွင်း မင်္ဂလာဆောင်မှာဖြစ်သည်။
သူမ သည် မင်္ဂလာဆောင်တဲ့နေ့မှာ လှပချင်တာကြောင့် ဝေဟွမ် ရဲ့ အသားအရည်ဖွေးလာသည်ကို မြင်တော့ မထိန်းနိုင်ပဲမေးလိုက်သည်။
ဝေဟွမ် ကိုယ်တိုင် တစ်နေ့လုံး မှန်ထဲမှာ ကြည့်နေပေမယ့် အပြောင်းအလဲ မတွေ့မိဘူး။ ဝမ်အိုက်ဟွား ၏အမေးကိုကြားတော့ အံ့အားသင့်သွားသည်။ သူမ မျက်နှာကို ကိုင်၍ "တကယ်ဖြူလာလို့လား?"
"တကယ်ဖြူသွားတာ !" ဝမ်အိုက်ဟွား က အခိုင်အမာ ခေါင်းညိတ်လေသည်။
YOU ARE READING
MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက် ပြန်လည်မွေးဖွားလာခြင်း။
Storie d'amoreThe Original Heroine of the 70's Cannon Fodder Book is Reborn အပိုင်းရှည်-80။