Ch-21

1.1K 135 1
                                    


Ch-21

လျိုရုံ သည် ကြမ်းပြင်ပေါ်ကျနေသည့် ဆေးဘူးထဲက ဆေးအနည်းငယ်ကို ကြည့်၍ မှန်ထဲက အဖုအပိန့်များထွက်လာသော မျက်နှာကိုပြန်ကြည့်၍ ဒေါသထွက်လာကာ တစ်စုံတစ်ယောက်ကို ရိုက်ချင်နေတော့သည်။

ထိုဆေးညွှန်းကို တွေးတောရင်း လျိုရုံက မုန်းတီးစွာအံ့ကြိတ်၍ "ဖန်ရူ...ဖန်ရူ .. ငါ နင့်ကိုမလွှတ်ပေးဘူး

"အားရုံ၊ ဖန်ရူ က မင်းမျက်နှာပေါ်က အဖုအပိန့်တွေ ရက်ပိုင်းအတွင်း သူ့အလိုလို ပျောက်သွားလိမ့်မယ်လို့ပြောတယ် !"

ဒါကိုပြောနေရင်း လျိုဟွားသည် မျက်ဝန်းပိတ်ထား၍ မျက်ရည်များစီးကျလာကာ ခက်ခက်ခဲခဲပြောရှာတယ်။ "ဒါပေမဲ့ အားရုံ ဖန်ရူက အဲဆေးကိုမလိမ်းဖို့ပြောထားတယ် ဆေးတစ်ခါလိမ်းပြီးတာနဲ့ အဖုအပိန့်တွေပျောက်ပြီး အမာရွတ်တွေကျန်ခဲ့လိမ့်မယ်တဲ့!"

သူမပါးစပ်ထဲတွင် နောက်ဆုံးစကားလုံးနှစ်လုံးကို သိမ်းဆည်းထားလုနီးပါးဖြစ်ခဲ့ပေမဲ့ လျိုရုံ၏အမူအရာကိုမကြည့်ရဲသောကြောင့် မျက်ဝန်းမဖွင့်ရဲပေ။

လျိုဟွား သည် နောက်ဆုံးစကားနှစ်ခွန်းကို တိတ်တိတ်ဆိတ်ဆိတ်ပြောသော်လည်း ညီအစ်မနှစ်ယောက် မှာ အနီးနားတွင်ရှိနေသောကြောင့် လျိုရုံဟာ ထိုစကားကိုကြားလိုက်တယ်။

လျိုရုံက မယုံကြည်နိုင်စွာ မျက်လုံးကိုဖွင့်လိုက်ပြီး "မင်းဘာပြောလဲ၊ မင်းဘာပြောလိုက်တာလဲ၊ အဲဒါက အမာရွတ်တွေကျန်နေလိမ့်မယ်။ ဘယ်လိုဖြစ်နိုင်မှာလဲ"

လျိုရုံက မယုံနိုင်ဖွယ် တုန်တုန်ယင်ယင်ဖြင့် မျက်နှာကိုထိကြည့်သည်။ "အမာရွတ်ကျန်ခဲ့မှာလား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

သူမသည် မော့ရှင်း ကို သွေးဆောင်လိုကာ နင်ယွီဟုန် နှင့် ချိတ်ဆက်လိုခဲ့သည်။သို့သော် အခုအချိန်မှာတော့လျိုဟွားရဲ့မျက်နှာထက် အမာရွတ်ကျန်နေခဲ့ပေတော့မည်။ အမာရွတ်တွေနဲ့ဆို ထိုထူးချွန်ထက်မြက်တဲ့ အမျိုးသား ၂ ယောက်ကို ဘယ်လိုလုပ် ‌သွေးဆောင်နိုင်တော့မှာလဲ? ဒီပိုကီမွန်မျက်နှာနဲ့လား

MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက်  ပြန်လည်မွေးဖွားလာခြင်း။Where stories live. Discover now