Ch-9.2

1.4K 204 2
                                    


Ch-9.2

နင်ယွီဟုန် ဖန်ရူ ၏ နာမည်ကို ခေါ်လိုက်သည်နှင့် တပြိုင်နက် နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာသည်။

မော့ရှင်း မှာ ဖြတ်လျှောက်လာပြီး နင်ယွီဟုန် ကိုကြည့်ကာ "မင်း ဖန်ရူ နဲ့ ကိစ္စရှိလို့လား?"

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ အချင်းချင်း နှုတ်ဆက်နေကြတာ !" နင်ယွီဟုန် က မော့ရှင်း ရှေ့၌ မျက်နှာမပျက်ချင်ပေ။

မော့ရှင်း က ခေါင်းညိတ်ပြပြီး ဖန်ရူ ကို ကြည့်ကာ "ငါ မင်းကို ပြောစရာရှိလို့... အဲတော့ ဘာလို့အတူမသွားရမှာလဲနော် ..?"

ဖန်ရူ က ထွက်သွားဖို့ စီစဉ်နေပေမယ့် မော့ရှင်း ရဲ့ စကားကို ကြားတော့ "အင်း အတူတူသွားကြရအောင်လေ !"

နင်ယွီဟုန် သည် အနောက်တွင်ကျန်ရစ်ခဲ့ပြီး ဖန်ရူ နှင့် မော့ရှင်း ၏ ကျောပြင်ကို ကြည့်ရင်း နံနက်ခင်းအလင်းရောင်အောက်တွင် သူတို့သည် အံ့သြစရာကောင်းလောက်အောင် လိုက်ဖက်ညီနေသည်ကိုတွေ့လိုက်ရသည်။

"ကျွန်မဆီက ဘာလိုချင်တာလဲ?" ဖန်ရူ မော့ရှင်း ကိုကြည့်လိုက်တယ်။

"ဘာမှမဟုတ်​ဘူး! မင်း နင်ယွီဟုန် နဲ့ စကားမပြောချင်လောက်ဘူးထင်လို့ မင်းကို တမင်​​ခေါ်လာလိုက်တာပါ !"

မော့ရှင်း သည် ဖန်ရူ ကိုကြည့်လိုက်သည်၊ အေးမြသောမနက်ခင်းလေသည် သူမ၏လှပသောမျက်နှာကို တိုက်ခတ်သွားပြီး သူမ၏ပါးပြင်ပေါ်မှ ဆံပင်များ ကို လှုပ်ခတ်သွားစေသည်။ တောက်ပသောနေရောင်ခြည်က သူမနောက်တွင် ထီးဆောင်းထားသကဲ့သို့ သူမခန္ဓာကိုယ်ပေါ်သို့ တောက်ပလာကာ သူမကို တောက်ပသွားစေသည် ။ တောထဲက ထွက်လာတဲ့ နတ်သမီးအလားပဲ။

သူမလို အလှလေးနဲ့ရင်ဆိုင်ရသမျှ မော့ရှင်းလို အေးစက်တဲ့လူတောင်မှ နှလုံးခုန်မြန်လာရသည်။

"ကျွန်မမျက်နှာမှာ တစ်ခုခုရှိလို့များလား" ဖန်ရူ က မျက်နှာကိုထိ၍ မေးလိုက်သည်။

"အင်း.. မင်းခေါင်းပေါ်မှာ ကြွေကျနေတဲ့ သစ်ရွက်တစ်ရွက်ရှိနေတဘ် ၊ မင်းအတွက် ငါဖယ်လိုက်မယ်" မော့ရှင်း လက်မြှောက်၍ ဖန်ရူ ၏ ခေါင်းမှ အဝါရောင်သစ်ရွက်ငယ်ကို ထိလိုက်သည်။

MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက်  ပြန်လည်မွေးဖွားလာခြင်း။Where stories live. Discover now