Ch-23

764 90 2
                                    


Ch-23

လျိုရုံ ဒေါသထွက်လွန်းလို့ရူးမတက်ဖြစ်နေသည်။မူခန္ဓာကိုယ်ပိုင်ရှင်မှာ ဘယ်လိုလုပ် ဒီလိုရူးမိုက်တဲ့အစ်မမျိုးရှိနေတာလဲ? ဒီလိုအစ်မမျိုးက ဘာများအသုံးကျလို့လဲ!

"လျိုဟွား နင် တနေ့သေခဲ့ရင်တောင် ရူးနေလို့ပဲ! နင့်လို ဝက်ဦးနှောက်မျိုး တစ်ခါမှမတွေ့ဖူးဘူး! "

"လျိုရုံ! ငါ ကိုယ့်မျက်နှာကို ရိုက်ချမနေနဲ့! ငါ ဘာလို့မိုက်မဲသလဲ ဟုတ်လား? နင် ငါ့ကို ထပ်ဆူပူနေရင် နင့် ကို ပါးရိုက်တော့မှ အပြစ်လာမတင်နဲ့!"

သူ့ညီမ၏ပါးရိုက်ခြင်းခံရပြီး ဤကဲ့သို့ စော်ကားခံရသောကြောင့် လျိုဟွားလည်း ဒေါသထွက်နေသည်။ လျိုရုံမည်မျှပင် နာကျင်စေကာမူ သူမ၏နှာခေါင်းထိပ်ကိုလက်ညိုးထိုး၍ ဆူပူကြိမ်းမောင်းတာမျိုး ခွင့်မပြုနိုင်ပေ။

"နင်.. နင့်ကိုငါ ပြောဖို့အရမ်းပျင်းလွန်းနေတယ်!" လျိုရုံ သည် လက်ခါယမ်း၍ လျိုဟွား၏အခန်းထဲမှ ထွက်လာခဲ့တယ်။

တကယ်တော့ သူမ စိတ်ထဲမှာ အနည်းငယ် အပြစ်ရှိစိတ်ဝင်နေခဲ့တယ်။အခု သူမ အလျင်စလို ပါးရိုက်လိုက်တာကြောင့် လျိုဟွားက တကယ်ပဲ တိုက်ခိုက်လာခဲ့ရင် လျိုဟွားရဲ့သန်မာသောခန္ဓာကိုယ် ကို သူမ တကယ် အနိုင်ယူ နိုင်မည် မဟုတ်ပေ။

သို့သော် လျိုရုံ မှာ အလွန်ဒေါသထွက်နေသေးသည်။သူ စာအုပ်ဖတ်ရူပြီးဖြစ်ကတည်းက ဘာလို့ ဖန်ရူအပေါ် ရေညှစ်တင်လို့မရရမှာလဲ?

ဖန်ရူ၏လှပသောမျက်နှာနှင့်ပုံမှန်မဟုတ်သော IQ၊နှင့်ကိုယ်ပိုင် EQနဲ့ဆို ဤခေတ်တွင် ဘေးတိုက်မလျှောက်နိုင်မှာကို ကြောက်ဖို့လိုလို့လား?

လျိုရုံက ဘယ်လိုပဲ ဖြစ်ဖြစ်မိန်းကလေးငယ်လေးသာဖြစ်သောကြောင့် မိတ်ကပ် ကျွမ်းကျင်မှု နဲ့ အလှပြင်နိုင်ခဲ့ရင် အပြင်သွားတဲ့အခါ လည်း နုပျိုလှပနေပါသေးသည်။

သူမ၏EQ မြင့်မားမှုနှင့်ပေါင်းစပ်ထားသည့် အသွင်အပြင်သည် သူမလိုချင်သမျှကို ရရှိစေလိမ့်မယ်။

သို့ပေမဲ့ လျိုရုံ မှာ ဘာလို့ ရူးမိုက်တဲ့အစ်မတစ်ယောက်ရှိနေတာလဲ? မိုက်မဲတာကလွဲပြီး အသုံးမကျဘူး။ သို့ပေမဲ့ ထိုအစ်မက သူ့ကိုယ်သူ စမတ်ကျတယ်လို့ထင်ကာ သူ့ဟာသူ သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေကို အမြဲချတက်သူဖြစ်နေတယ်။!

MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက်  ပြန်လည်မွေးဖွားလာခြင်း။Where stories live. Discover now