Ch-14.2
ညနေပိုင်းတွင်ဖန်ရူသည် ကြာဇံကို ပျော့သွားသည်အထိ ရေစိမ်ပြီးနောက် ကြက်ဥအခွံ့ခွာ၍ လှီးလိုက်သည်။ ဂေါ်ဖီထုပ်နှင့် ကြာဇံများကို ရောနယ်ကာ နုတ်နုတ်နုတ်စဉ်းထားသော အသားများနှင့် ရောမွှေ၍ ဟင်းခတ်အနှစ်များထည့်လိုက်သည်။ ပဲငံပြာရည်နှင့် ဆားကိုပါ ထည့်၍ ရောမွှေလိုက်သည်။
အသားအများကြီးမရှိပေမယ့် ကြာဇံနဲ့ ဂေါ်ဖီထုပ်တွေ အများကြီးရှိတာကြောင့် ဖက်ထုပ်အစာများ လုပ်ဖို့ ၁ အိုးစာရလိုက်သည်။
"မော့ရှင်း နဲ့ဝမ်ဟောင်တို့ကို ဖက်ထုပ်လုပ်ဖို့ လာခဲ့ဖို့ ပြောလိုက်! ဒီမှာ အရမ်းများနေတယ် ငါတို့ဘယ်အချိန်မှပြီးမလဲ မသိဘူး!" "ဖန်ရူက ပြောလိုက်သည်။
"ကောင်းပြီ ငါသွားခေါ်လိုက်မယ်.. !" ဝေဟွမ် က သူ့လက်တွေကို ဆေး၍ တံခါးအပြင်ကို ထွက်သွားသည်။
ညဘက် ဖက်ထုပ်စားတော့မယ်လို့ဝမ်ဟောင်ကြားတဲ့အခါ သူ့မျက်လုံးတွေက ချက်ချင်းတောက်ပသွားသည်။ "အိုး၊ အရမ်းကောင်းတယ်။ ငါ ဖက်ထုပ်စားချင်နေတာ ကြာပြီ!"
သို့သော် ဝေဟွမ် က ဖက်ထုပ်လုပ်စေချင်တာလို့ ပြောလာသောအခါ ဝမ်ဟောင် ချက်ချင်းစိတ်ပျက်သွားသည်။ "ဖက်ထုပ်လုပ်နည်းကို မသိဘူး!"
စားလို့အဆင်ပြေပေမယ့် တကယ်မလုပ်တက်ဘူး !
"ငါသွားမယ်!" မော့ရှင်း သည် သူ့လက်ထဲရှိ စာအုပ်ကို ချ၍ မတ်တပ်ရပ်လိုက်ပြီး ဝမ်ဟောင်နောက်မှ လိုက်လာခဲ့သည်။
ဝေဟွမ် နှင့် ဖန်ရူ၏အခန်းသို့ ရောက်ရှိလာပြီး ဖန်ရူသည် ဖက်ထုပ်အရွက်လုပ်ဖို့လှိမ့်နေသည်ကို ကြည့်ရင်း မော့ရှင်း လျှောက်လာပြီး သူမ၏လက်မှ မုန့်လုပ်ဒလိမ့်တုံး ကို ယူလိုက်သည်။ "လုပ်ပါရစေ!"
ဖန်ရူ လည်း စိတ်မ၀င်စားဘဲ သူလုပ်ထားတဲ့ ဖက်ထုပ်ထုပ်တွေနဲ့ ဖက်ထုပ်လုပ်ဖို့အတွက် ထိုင်နေရင်း မုန့်လုပ်ဒလိမ့်တုံး ကို ပေးလိုက်တယ်။
သူမ၏လက်များကို အပေါ်နှင့်အောက်လှန်ကစား၍ အစွန်းတလျှောက် ကြိမ်ဖန်များစွာ ညှစ်လိုက်ရာ လက်ထဲတွင် လှပသော ဖက်ထုပ်တစ်ခု ပေါ်လာသည်။
YOU ARE READING
MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက် ပြန်လည်မွေးဖွားလာခြင်း။
RomanceThe Original Heroine of the 70's Cannon Fodder Book is Reborn အပိုင်းရှည်-80။