Ch-2
ဖန်ရူတစ်ယောက် အဖြစ်အပျက်ကို တွေးတောရင်း ရှေ့သို့ လျှောက်လာခဲ့သည်။သူမ သေဆုံးပြီးနောက် ရှားရှီ ရွာကို ဘာကြောင့်ပြန်လာရတာလဲ?
သို့သော် လမ်းလျှောက်လာတာနဲ့အမျှ ဖန်ရူ မှာ တစ်ခုခုမှားနေတယ်လို့ ခံစားလာရသည်။ သေလူသည် သေပြီးနောက် မြေကြီးပေါ် လမ်းလျှောက်နိုင်သေးလို့လား? ဒီလမ်းလျှောက်ရတဲ့ ခံစားချက်က သူမ အသက်ရှင်နေစဥ်အချိန်နဲ့ အတူတူပဲ။
ဖန်ရူတစ်ယောက် လက်ကိုတင်းတင်းဆုပ်ကိုင်လိုက်ရာ နာကျင်မှုကို ခံစားလိုက်ရသည်။ ဖန်ရူ အံ့အားသင့်သွားသည်။ သူမ မသေသေးတာများလား?
လျိုရုံ က ထိုစာအုပ်ကိုဖတ်ရူ၍ တခြားလူတစ်ယောက်လိုနေထိုင်ခဲ့သည်ဟု ရေးထားသော စာအုပ်ကို သူမမသေခင်တုန်းက ဖတ်ရူခဲ့သည့်အကြောင်းကို တွေးမိသည်။ ဆိုတော့ကား သူမ၏ကိုယ်ပိုင်ခန္ဓာကိုယ်ထဲ ပြန်လာနိုင်တာများ ဖြစ်နေမလား?
ဖန်ရူ ဤအတွေးကြောင့် အံ့အားသင့်သွားသည်။သူမ၏ဘဝကိုထပ်မံ စတင်ခွင့်ရတာများလား? သူမ၏ယခင်ဘဝက သနားစရာကောင်းလွန်းသည်ဟု ဘုရားသခင်က ထင်မှတ်ပြီး ပြန်လည်စတင်ရန် အခွင့်အရေးပေးခဲ့ခြင်းများ ဖြစ်နိုင်လေသလား?
ဖန်ရူ မယုံနိုင်ဖြစ်သွားတယ်။ ရုတ်တရက် ငုတ်တုတ်ထိုင်၍ မျက်နှာကို အုပ်ကာ ငိုခြင်း သို့မဟုတ် ရယ်ခြင်းကဲ့သို့ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာလေသည်။
ကံကောင်းထောက်မစွာ၊ လူအနည်းငယ်သာ အနောက်တောင်ပေါ်သို့ ရောက်ရှိလာလို့ မဟုတ်ရင် ဖန်ရူ ၏ ထူးဆန်းသော အပြုအမူကို တစ်စုံတစ်ယောက်က တွေ့ရှိပါက ရူးနေပြီဟု ထင်သွားနိုင်သည်။
အချိန်ဘယ်လောက်ကြာသွားလဲမသိ ဖန်ရူ ဟာ နောက်ဆုံးတော့ ငြိမ်သက်သွားပြီး စိုစွတ်နေတဲ့မျက်ရည်တွေကို မြည်းစမ်းကြည့်ကာ နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခုပေါ်လာခဲ့သည်။
ယခု သူမ ပြန်လည်မွေးဖွားလာသည်နှင့်အမျှ ယခင်ဘဝလမ်းစဉ်ကို ဘယ်တော့မှ ထပ်လျှောက်မည်မဟုတ်ပါ။ အရင်ဘဝတုန်းက သူမက ရူးကြောင်ကြောင်နဲ့ လူတိုင်းအပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့မိတယ်။ လူတချို့က သူမရဲ့ကြင်နာမှုနဲ့ထိုက်တန်မနေဘူး !
YOU ARE READING
MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက် ပြန်လည်မွေးဖွားလာခြင်း။
RomanceThe Original Heroine of the 70's Cannon Fodder Book is Reborn အပိုင်းရှည်-80။