Ch-18
ထိုသို့သော အတွေးများဖြင့် လျိုရုံ သည် ဖန်ရူ ဖြေရှင်းလို့ပြီးသွားသည် စာအုပ်ကိုယူ၍ မေးခွန်းတစ်ခုချင်းစီကိုဖတ်ရူပြီးနောက် ပို၍ ထိတ်လန့်သွားတော့သည်။
ဖန်ရူမှာ ဘယ်လိုဦးနှောက်မျိုးရှိနေတာလဲဟ? မေးခွန်းအားလုံး ဖြေရှင်းနိုင်ရုံမက အချို့သောမေးခွန်းများ ဖြေရှင်းရာ၌ နည်းလမ်းတစ်ခုထက်မက သုံးထားသေးသည်။
"အစ်မဖန်ယုက အံ့ဩဖို့ကောင်းလိုက်တာ ကျေးဇူးတင်ပါတယ်! နောက်ကျနေလို့ ညီမ အရင်ပြန်လိုက်မယ်!"
လျိုရုံ က သူမရဲ့ ထိတ်လန့်မှုကို ဖုံးကွယ်၍ ဖန်ရူကို နှုတ်ဆက်ခဲ့သည်။ သူမဒီမှာမနေချင်တော့ဘူး၊ ဒီ ဖန်ရူက ဘီလူးတစ်ကောင်ပဲ !
သူမ သည် စမတ်ကျသည်ဟု အမြဲထင်ခဲ့သော်လည်း ယခု ဖန်ရူနှင့် နှိုင်းယှဉ်ပါက အရူးတစ်ယောက်လိုပဲ။
သူမ က ဖန်ရူအတွက် ခက်ခဲစေဖို့ရည်ရွယ်၍ မေးခွန်းများကို ရှာခဲ့သည်။ သူမရဲ့မျက်နှာဖြတ်ရိုက်ခံလိုက်ရမယ်လို့ ဘယ်သူသိမှာလဲ?
တံခါးအပြင်ဘက်သို့ လျှောက်လာရင်း စိတ်ထဲ မှတ်သားထားသည့် 'အလှကုန်၏ဆေးညွှန်း'ကို အမှတ်ရမိသည်။ သူမ မြန်မြန်သွားလုပ်ရမည်။
ဖန်ရူ၏အံ့ဖွယ်ကောင်းသေစိတ်နှင့်ဆို ထိုယုရုံရှန်းခရင်မ် ကို တနေ့ ရုတ်တရက် ဖန်တီးနိုင်ပေလိမ့်မည်။ သူမ ဖန်ရူ ထက်သာလွန်ပြီး အခွင့်အလမ်းကို ဆုပ်ကိုင်ထားရမည်။
သူမ တစ်ခုခုကို တွေးနေတာကြောင့် လမ်းလျှောက်လာချိန်မှာ ပတ်ဝန်းကျင်ကို ဂရုမစိုက်မိသောကြောင့် နင်ဟွီဟုန် နှင့် ဝင်တိုက်မိတော့သည်။
"ဒါဆို အစ်ကိုနင်!" လျိုရုံ ချက်ချင်းဆိုသလို ပြုံး၍ "ညီမ တောင်းပန်ပါတယ် ညီမ ခေါင်းငုံ့ပြီး လမ်းလျှောက်မိလို့ပါ.. ဒါ့ကြောင့် အစ်ကို့ကို သတိမထားမိခဲ့ဘူး.. ညီမ အစ်ကို့ကို ထိခိုက်အောင် မလုပ်မိခဲ့ဘူးနော် !"
စာအုပ်ထဲမှာ နင်ဟွီဟုန် က ဖန်ရူကို စွဲလန်းနေခဲ့တယ်။ ဖန်ရူက ချီဟန် နဲ့ လက်ထပ်သွားခဲ့တာတောင် နင်ဟွီဟုန် က စွဲလန်းနေခဲ့တယ်။
YOU ARE READING
MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက် ပြန်လည်မွေးဖွားလာခြင်း။
Lãng mạnThe Original Heroine of the 70's Cannon Fodder Book is Reborn အပိုင်းရှည်-80။