Ch-11.1
ထို့ကြောင့် နင်ယွီဟုန် အကြောင်းကို သူ သွားတွေးမိသည်။ နင်ယွီဟုန် ၏ ဂုဏ်သတင်းသည် ယခုအချိန်တွင် ထင်ရှားပေါ်လွင်ခြင်းမရှိသေးသော်လည်း နောက်ထပ် ၁၀ နှစ်ကြာသောအခါ နင်ယွီဟုန် ၏ ဂုဏ်သတင်းသည် ပေကျင်းတစ်ခွင်တွင် ကျယ်လောင်လာမည်ဖြစ်ပြီး သူ၏ ပြင်ပလူနာဖြစ်ဖို့တောင်ခက်ခဲလာပေလိမ့်မည်။
ယခုအခါ နင်ယွီဟုန် သည် သူ၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာခဲ့သည်။ ချီဟန်က သူ့ကိုယ်သူ ချုပ်တည်းဖို့ အတတ်နိုင်ဆုံး ကြိုးစားပေမဲ့ သူ့မျက်လုံးထဲက တောင့်တမှုကို ဘယ်သူ့ကိုမှ လှည့်စားလို့မရပေ။
"မင်း ဘောင်းဘီမထား.. ငါတချက်ကြည့်ကြည့်မယ်... !" မော့ရှင်း နှင့်ဝမ်ဟောင်တို့ သူ့အကြောင်းပြောရာမှ ချီဟန် မတော်တဆ ကြားတာဖြစ်မည်ဟု နင်ယွီဟုန် က သူ့နှလုံးသားထဲ ခန့်မှန်းမိသည်။
ချီဟန် သူ့ဘောင်းဘီရှည် ကို မယူလိုက်သည်။ နင်ယွီဟုန် က လက်ဆန့်၍ ဒူးကို ဖိလိုက်တယ်၊ ချီဟန်တစ်ယောက် သွားတင်းတင်းကြိတ်လိုက်မိတယ်။
နင်ယွီဟုန် သည် နေရာများစွာကို ဖိနှိပ်ခဲ့ပြီး ချီဟန်ကို နာကျင်သလား? ဘယ်လောက်နာကျင်သလဲဟု မေးမြန်းခဲ့တယ်။
လှုပ်ရှားမှုအစုံကို စစ်ဆေးပြီးနောက် နင်ယွီဟုန် က စိတ်မကောင်းစွာဖြင့် ခေါင်းခါယမ်းလိုက်သည်။ "အကောင်းဆုံးတော့ မင်းရဲ့နာကျင်မှုကို သက်သာစေဖို့ ငါဆေးအချို့ကို ပေးနိုင်တယ်။ ဒီခြေထောက်တွေကို ကုသဖို့ နည်းလမ်းမရှိဘူး!"
ချီဟန် ၏ မျက်နှာပေါ်ရှိ အလင်းရောင်မှာ မှိန်ကျသွားပြီး သူ့လေသံထဲ၌ စိတ်ပျက်စရာများ ပြည့်နှက်နေ၏။ " တခြားနည်းလမ်း မရှိဘူးလား?"
"မင်းခြေထောက်က တော်တော်ကြာသွားတာ .. ငါမကူညီနိုင်ဘူး!" နင်ယွီဟုန် ခေါင်းခါလိုက်သည်။
ထပ်ပြီး ဒီစကားပဲလား! ချီဟန် ခြေထောက်တစ်ဖက်ပေါ် လက်တင်၍ တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး လက်သည်းတွေ စိုက်ဝင်သွားပေမဲ့ နာကျင်မှုကို မခံစားရပေ။
YOU ARE READING
MMtrans-26 :70'ခုနှစ် အမြှောက်စာအုပ် ၏မူရင်းဇာတ်လိုက် ပြန်လည်မွေးဖွားလာခြင်း။
RomanceThe Original Heroine of the 70's Cannon Fodder Book is Reborn အပိုင်းရှည်-80။